မှားယွင်းသော ဖြစ်တည်မှု (၁၀)

22 1 0
                                    

ပယင်းငယ်

ကျောင်းစစတက်တဲ့နေ့ ကျွန်တော်အခန်းထဲရောက်ရောက်ခြင်း အခန်းထဲမျက်လုံးဝှေ့ကြည့်ကာ ကျွန်တော်သုံးလတာ လွမ်းစွတ်နေခဲ့သော သူမကိုရှာဖွေမိသည်။

မှတ်မိသေးသည်။ သူမက အဲ့တုန်းက အရင်လို ကျွန်တော့်အနောက်မှာမထိုင်ပဲ ကျွန်တော့်ထိုင်ခုံရဲ့ဘေးလိုင်းမှာ သူမသူငယ်ချင်းတွေနဲ့ စကားပြောရင်းရယ်နေခဲ့တာ။

သူမကိုမြင်လို့ ထခုန်မတက်ပျော်နေတဲ့ကျွန်တော်ကို သူမက လှည့်ကြည့်ကာ အပြုံးလေးတစ်ခုသာပေးသည်။

သူမကိုတွေ့တွေ့ခြင်း သတိလက်လွတ်ပြုံးလိုက်မိတဲ့ ကျွန်တော်က သူမကိုတော်တော်ကိုလွမ်းနေခဲ့တာလေ။

လွန်ခဲ့တဲ့လေးလ နောက်ဆုံးတွေ့တုန်းကနဲ့ အခုသူမပုံစံက ဆံပင်ရှည်လာတာက လွဲလို့ထူးထူးခြားခြားမပြောင်းလဲသွားခဲ့ပါ။

တကယ်ပြောင်းလဲသွားခဲ့တဲ့ သူမစိတ်ကိုတော့ ကျွန်တော်မမြင်နိုင်ခဲ့ပါဘူး။

တရား၀င်သမီးရည်းစားဖြစ်လာခဲ့တဲ့ ကျွန်တော်တို့နှစ်ယောက်က ရင်းနှီးတဲ့သူငယ်ချင်းတွေကလွဲလို့ ကျန်တဲ့လူတွေကို မပြောပြဖို့သဘောတူလိုက်ကြသည်။

သူမက အရင်လိုပဲ ကျွန်တော့်နားမှာ အချိန်ဖြုန်းတတ်သည်။ သူမပြုံးလိုက်တဲ့အခါတိုင်း ကျွန်တော်က တမေ့တမောငေးတတ်သည်။ သူမကို ဂရုစိုက်ဖို့ ကျွန်တော်ဘယ်တုန်းကမှမမေ့ခဲ့။ ဒီလူသားက ကျွန်တော့်လူဖြစ်လာတယ်ဆိုတာကိုတွေးလိုက်တိုင်း အိပ်မက်တစ်ခုလို လန့်နိုးမှာကြောက်မိတဲ့အထိ သူမက ကျွန်တော့်နှလုံးသားကိုပိုင်ဆိုင်ထားသည်။

ကျွန်တော်ဘောလုံးသွားမကန်ခင် သူမကိုခွင့်တောင်းတတ်ပြီး ကျောင်းဆင်းရင် သူမကိုကျောင်းကားအထိလိုက်ပို့သည်မှာ ကျွန်တော့်တာ၀န်တစ်ရပ်လိုပင်။

ထိုနေ့ရက်တွေက ကျွန်တော့်အတွက်တော့ ရွှေတစ်ရက်ငွေတစ်ရက်ပဲ။ စိတ်ပျက်စရာကောင်းတဲ့ကျူရှင်မှာလဲ တစ်ခါတစ်လေပြုံးနေတတ်သလို အိမ်ကလူကြီးတွေနဲ့လဲ စကားတွေအများကြီးပြောဖြစ်သည်။ နေ့တိုင်း ကျောင်းသွားဖို့ကိုပဲ ကျွန်တော်စိတ်ထဲရောက်နေသည်။

'သူပိုင်ဆိုင်သော ကျွန်တော့်ဘဝ၏ တစ်စိတ်တစ်ပိုင်း'Where stories live. Discover now