ရှင်သန်ခြင်းရဲ့ အဓိပ္ပာယ် (၁၆)

25 1 0
                                    

နဂိုကတည်းက ရည်းစားရဖို့ခက်ခဲတဲ့ ကျွန်တော် ရည်းစားမရတဲ့ ကျွန်တော်က မှိုင်းမင်းအိမ်နဲ့ပြန်ပေါင်းမှ လုံး၀ရည်းစားမရနိုင်တဲ့အခြေအနေကိုရောက်ရသည်။

ပြသနာကဒီလို

တရုတ်ချင်းအတူတူ ကျွန်တော့်ရဲ့ ဖြူတယ်ဆိုတဲ့အသားက သူနဲ့ယှဉ်ရင် ဝါသွားသည်။ အရပ်ချင်းယှဉ်တော့လဲ သာမန်လူတွေထဲ ငါးပေတစ်ဆယ်လောက်ကျွန်တော်က မြင့်သလိုလိုရှိပေမယ့် ခြောက်ပေစွန်းစွန်း သူ့ကိုမမှီပြန်။ ကျွန်တော်က သာမန်ယောက်ျားလေး ဘော်ဒီလောက်နဲ့ သူ့ရဲ့Trainထားတဲ့ ဘော်ဒီနဲ့ယှဉ်ရင်တော့ ပိုဆိုးရောပေါ့ဗျာ။

နှစ်ယောက်အတူတူလမ်းသွားရင် လူတိုင်းကသူ့ပဲကြည့်ကြတော့တာ။

တစ်ယောက်တည်းနေရင် ကျွန်တော်လဲ နည်းနည်းထင်းတဲ့အမျိုးပါ။ ဒါပေမယ့် သူနဲ့ကယှဉ်လို့ကိုမရ။ တစ်ဖြည်းဖြည်း အမြင်ကကပ်လာရော။

သူ့ကိုကြည့်မရတော့ဘူးလို့ ပြောမိတိုင်း

"ဒါဆို ကိုယ်နဲ့ Gymအတူတူလာဆော့လေ" ဆိုပြီး ပြောသေးတာ။

Gymသွားရတာ ပျင်းလို့ပါ ဆိုနေမှပဲ။ အိမ်မှာနေ့တိုင်းလုပ်တယ်လေ... တော်ရောပေါ့။

ကျွန်တော် night out ထွက်ရင် ဘေးက တစ်ကောက်ကောက်လျှောက်လိုက်ပေမယ့် သူထွက်ရင်ကြ ကျွန်တော့်မှာ သိတောင်မသိလိုက်။ Hangover တစ်ခါမှ မဖြစ်တာတော့ သူ့ရဲ့အံ့ဩစရာကောင်းတဲ့စကေးပဲ။

"မှိုင်းလေး !!!! " ဆိုပြီး လမ်းမှာ တစ်ချို့မိန်းကလေးတွေက သူ့တွေ့ရင် ပြေးနှုတ်ဆက်လာရင် သူကလဲ ပြန်ဖက်ပြီးနှုတ်ဆက်ရတာနဲ့။

"မှိုင်းလေးရေ မှိုင်းလေးရဲ့ကောင်မလေးတွေနဲ့ ကျွန်တော်မျိုးကိုလဲ မိတ်ဆက်ပေးပါဦးလား" ဆိုပြီး ကျွန်တော်က သူ့ကိုစတာကို

တကယ်ကြီး လူကိုဆွဲပြီး မိတ်ဆက်ပေး‌တော့ အာချောင်မိတဲ့ ကျွန်တော်ပဲ မျက်နှာပူပူနဲ့ ပြန်နှုတ်ဆက်ရသည်။

သူမိတ်ဆက်ပေးလို့ ခင်ခဲ့တဲ့ ‌ကောင်မလေးတစ်ယောက်နဲ့ စကားပြောကြည့်မယ်ကြံသေး အတင်းလိုက်ဖြတ်ပြိး အဲ့ကောင်မလေးနဲ့ အဆက်အသွယ်တွေပါ ဖြတ်ပြစ်တော့တာ။ သူ့သူငယ်ချင်းကောင်မလေးတွေကို သ၀န်တိုတာလဲတအားပဲ။

'သူပိုင်ဆိုင်သော ကျွန်တော့်ဘဝ၏ တစ်စိတ်တစ်ပိုင်း'Where stories live. Discover now