ရှင်သန်ခြင်းရဲ့ အဓိပ္ပာယ် (၁၅)

23 1 0
                                    

မဲနက်နေတဲ့ ရေပြင်တစ်ခုပေါ် ကျွန်တော် ခြေဗလာနှင့်မတ်တပ်ရပ်နေသည်။ ရေပြင်ပေါ် ဘယ်လိုလုပ် ရပ်လို့ရနေတာလဲ။

ရေကအေးစက်ပြီး နက်မှောင်နေတော့တာ။ ခြေထောက်အောက်ကရေပြင်ရော မျက်စိ‌တည့်တည့်ရှိနေတဲ့နေရာရောက အေးစက်မှုအတိ။

"လွန်းတိမ်လှိုင်းးးး!!!!"
"လွန်းးးတိမ်လှိုင်းးးးး!!!"

ကျွန်တော့် နာမည်ကို ဝိုင်းအော်နေကြသည်။ ဘယ်သူတွေလဲဆိုတာမမြင်ရဘူး....ဒီတိုင်းပဲ သူတို့အော်သံတွေ...

တဖြေ‌းဖြေးကျယ်လာတဲ့အသံတွေကြောင့် နားမခံနိုင်တဲ့အဆုံး နားပိတ်ပြီး အနောက်ကိုလှည့်လိုက်တော့

"ဇွက်"

"အ"

လက်တစ်ချောင်းစာလောက်ရှိတဲ့ ဓားမြှောင်လေးက ကျွန်တော့်ဗိုက်ထဲစိုက်၀င်သွားအောင် ထိုးချခံလိုက်ရသည်။ ထို့နောက် ကျွန်တော်နင်းထားတဲ့ ‌ခြေထောက်အောင်ကရေပြင်မှ လက်တစ်ဖက်ပေါ်လာပြီး ထိုရေထဲကို ကျွန်တော့်ကို ဆွဲချသွားတော့တာ။

"ဟင့်"

မွန်းကြပ်စွာ လန့်နိုးလာပြီး ကျွန်တော် မျက်လုံးပွင့်ရက် ကြောင်နေမိသည်။

ရင်ဘက်ထိခြုံထားတဲ့ စောင်ပေါ်က ကျွန်တော့်လက်တွေက တစက်စက်တုန်နေပြီး အသက်ပြင်းပြင်းရှူနေတာကြောင့် အခန်းထဲမှာ ကျွန်တော့်အသက်ရှူသံပြင်းပြင်းသာ အုပ်မိုးနေသည်။

ခဏကြာတဲ့အထိ ကျွန်တော်ဘယ်ရောက်နေတာလဲ ဘာဖြစ်လို့‌ဒီရောက်နေတာလဲ ဘယ်လိုရောက်လာတာလဲကို တွေးလို့မရ။

အိပ်မက်လား လက်ရှိလား မခွဲနိုင်လောက်အောင် အသိစိတ်ပျောက်ရှနေသည်။

ရုတ်တရက်ပွင့်လာတဲ့တံခါးကြောင့် အခန်းအ၀ကို အလန့်တကြားလှမ်းကြည့်လိုက်စဉ်

"အော် သားရေ သားသူငယ်ချင်းနိုးနေပြီ"

အခန်းထဲ၀င်လာတဲ့ အန်တီကြီးက အပြင်ကိုလှမ်းအော်လိုက်ကာ ကျွန်တော့်ဆီလျှောက်လာသည်။

ပြီးတော့ ကျွန်တော့်နှာဖူးကို စမ်းသပ်ကာ စောင်ကို ကိုယ်တစ်ပိုင်းစာ လှပ်လိုက်ပြီး ကျွန်တော့်ဗိုက်ကပတ်တီးစီးထားတဲ့‌နေရာကိုလှန်ကြည့်သည်။

'သူပိုင်ဆိုင်သော ကျွန်တော့်ဘဝ၏ တစ်စိတ်တစ်ပိုင်း'Where stories live. Discover now