"အလုပ်ရှုပ်နေတာလား မှိုင်း"
သူက ကျွန်တော့်ကိုကြည့်ပြီး ခပ်ဆပ်ဆပ်လေး ခေါင်းခါပြသည်။
"တော်သေးတယ်"
"......"
"မင်းပြန်သွားတော့ မင်းပြောတဲ့စကားတွေငါအများကြီး စဉ်းစားမိတယ်"
သူတိတ်တဆိတ်ပဲ ကျွန်တော်ပြောတာကိုနားထောင်နေသည်။
ကံကောင်းထောက်မစွာ အဲ့ပတ်ဝန်းကျင်မှာ ကျွန်တော်တို့နှစ်ယောက်သာရှိနေသည်။
"မင်းဘာလို့ ကိုယ့်ကိုကိုယ် ဘောင်မဝင်တဲ့ကောင်လို့ပြောရလဲဆိုတာကို ငါနားမလည်ဘူး ... ငါ့ဘဝထဲမှာ မင်းကဘယ်လောက်အရေးပါလဲဆိုတာ မင်းသိအောင် ငါမလုပ်နိုင်ခဲ့ဘူးထင်တယ်"
ဝိုင်ကြောင့် ပါးစပ်သွက်နေပေမယ့် လက်တွေတုန်နေတာကိုတော့ ထိန်းမရပေ။
"မင်းထင်ထားတာထပ်တောင် မင်းက ငါ့အတွက်အရေးပါတဲ့လူတစ်ယောက်ပဲကို..."
"ကိုယ်သိ-"
"မသိပါဘူး.... မင်းသိတာ မင်းကို ငါသူငယ်ချင်းလိုခင်တယ်ပဲသိတာပါ"
သူ ကျွန်တော်ဘာဆက်ပြောမလဲကို သိချင်စွာ မျက်လုံးလေးပြူးကြည့်လာသည်။ ဇာတ်သိမ်းခန်းကိုစောင့်နေတဲ့ ကလေးငယ်တစ်ယောက်လို သူ့မျက်လုံးက တစ်လက်လက်တောက်လာသည်။
"မင်းကို ငါ သူငယ်ချင်းလိုထပ် ပိုသဘောထားတာ မင်းမသိဘူးလေ"
"လွန်း..."
"ငါ ထပ်ချစ်ရမှာကိုကြောက်တာ... ထပ်ထားခဲ့ခံရမှာကိုကြောက်တာ... မင်းထပ်ထွက်သွားမှာကိုကြောက်တာ... ငါက အဲ့လိုမျိုး သူရဲဘောကြောင်တဲ့ ကောင်ဖြစ်နေလို့ကို မင်းနားဆက်မတိုးလာရဲတာ"
"မဟုတ်တာ... လွန်း.... ဘာတွေပြောနေတာလဲ"
"ငါ့ကို ခွင့်မလွှတ်လဲရတယ် မှိုင်း.... ဒါပေမယ့် ငါဒီနေ့တော့ မင်းသိသင့်တဲ့အရာတွေ မင်းအပေါ်ဖုံးအုပ်ထားတဲ့အရာတွေအကုန် မင်းသိအောင် ငါပြောမယ်..."
တဖြေးဖြေးနဲ့ ရင်ထဲကလှိုက်တက်လာမှုကြောင့် ကျွန်တော်အသံတွေတုန်လာတာကို ခံစားမိသည်။
YOU ARE READING
'သူပိုင်ဆိုင်သော ကျွန်တော့်ဘဝ၏ တစ်စိတ်တစ်ပိုင်း'
Romanceကိုယ်က Right Person Wrong Timingဖြစ်နေရင် Right Time ရောက်တဲ့အထိကိုယ်စောင့်မယ်။ Wrong Person ဖြစ်နေရင်တော့ Right Person ဖြစ်သွားအောင်ကိုယ်ပြင်မှာပေါ့။ _မှိုင်းမင်းအိမ်_ Right Personတွေဘာတွေ ဖြစ်ဖို့မလိုဘူး မင်းဖြစ်နေဖို့ပဲလိုတယ်။ _လွန်းတိမ်လှိုင်း_...