အသေးမွှားဆုံးသော အစိုင်အခဲ (၉)

30 2 0
                                    

တစ်ခါတစ်ရံ လောကကြီးမှာ ကျွန်တော့်ဖြစ်တည်မှုက လူတစ်ယောက်မဟုတ်ပဲ လေလို့ခံစားရသည်။

ငြိမ်နေတုန်းတော့ ဘယ်သူကမှ ရှိနေတယ်လို့တောင် သတိမထားမိကြပဲ လေပြင်းတိုက်လာ‌တော့မှ ဟာ ဒီလေက ဆိုးလိုက်တာလို့ ပြောကြသလိုပေါ့။

ကျွန်တော့်ဖြစ်တည်မှုကို ဘယ်သူကမှစိတ်မ၀င်စားသလိုပဲ။

ကျွန်တော့် ခံစားချက် ကျွန်တော့် ဆုံးဖြတ်ချက်တွေကို ဘယ်သူမှမမေးပဲ သူတို့ဟာသူတို့မှန်းဆကောက်ချက်ချကြသည်လေ။

ဘာမှန်းမသိလိုက်တဲ့ တစ်ညတာအဖြစ်အပျက်လေးအပြီးမှာ မှိုင်းက တကယ်ကို ကျွန်တော်နဲ့ဝေးဝေးမှာပဲနေတော့သည်။ သူထိုင်နေကြ ကျွန်တော့်ဘေးခုံမှာလဲ မထိုင်တော့သလို အရင်လို သူများတွေနဲ့လဲ စကားတွေပြောမနေတော့ပါ။ သူအဲ့လိုဖြစ်နေတာက ကျွန်တော့်ကိုပိုနေရခက်‌စေသည်။

ရက်အနည်းငယ်အကြာမှာ သူ့ဆီကပဲ ကျွန်တော့်ကိုစကားပြန်စလာခဲ့သည်။ ကျွန်တော့်ဘေးမှာတော့ လာမထိုင်တော့ပါ။ သူ့အိတ်ထဲကို ဘောပင်ထည့်လာဖို့တော့ သတိရပုံပေါ်သည်။ စကားပြောရတာ အရင်အတိုင်းမို့ ကျွန်တော် နေရခက်စေမယ့်ကိစ္စတွေကိုမေ့ထားလိုက်သည်။

"ဒီအပတ် စနေ ငါအိမ်မှာတစ်ယောက်တည်းမို့လို့...လာလည်ပါလား...မင်းကြိုက်တဲ့ Kim Bap လုပ်စားမယ်"

(김밥 - ကိုရီးယား ရေညှိထမင်းလိပ်)

"ဒီပါ တို့ကိုလဲခေါ်လိုက်မယ်လေ လူစုံတော့ပိုပျော်ဖို့ကောင်းမယ်ထင်တယ် မင်း အိမ်မှာ ပစ္စည်းလောက်လား"

သူကပြုံးကာ ကျွန်တော့်ကိုကြည့်ရင်း

"အင်း ရတယ်လေ လောက်တယ်...သဘော"

အမြဲဟက်ဟက်ပက်ပက်ရီတတ်တဲ့ မှိုင်းက ဒီလိုအပြုံးလဲပြုံးတတ်သေးမှန်းမသိခဲ့ပါ။

ဒီပါတို့ကိုပါ ခေါ်မယ့်အစီအစဉ်ကို သူသဘောတူလိုက်တာ‌ကြောင့် စနေနေ့မှာ ကျွန်တော်ရယ် ဒီပါရယ် ခန့်မင်းရယ် သုံးယောက် မှိုင်းအိမ်ကိုလိုက်သွားကြသည်။ သူ့တိုက်ခန်းက ကျွန်တော့်တိုက်ခန်းနဲ့ ပုံစံဆင်တူသည်။ သို့သော်နည်းနည်းပိုကျယ်သည်။

'သူပိုင်ဆိုင်သော ကျွန်တော့်ဘဝ၏ တစ်စိတ်တစ်ပိုင်း'Where stories live. Discover now