ရှင်သန်ခြင်းရဲ့ အဓိပ္ပာယ် (၁၈)

27 1 0
                                    

အလုပ်ရှာဖို့ကြိုးစားရင်း အိမ်ထဲကမထွက်ဖြစ်တဲ့ကျွန်တော့်ကို အပြင်ကိုရောက်အောင်ခေါ်နိုင်တာကတော့ အထက်တန်းတုန်းက အခန်းထဲကကောင်တွေပဲဖြစ်သည်။

"မနက်ဖြန် ညနေသုံးနာရီ ဖူဆယ်ကွင်းရှေ့မှာတွေ့မယ် ငါ့စောင့်နော်"

ကျောင်းတုန်းကကောင်တွေစုံပြီး တခြားအတန်းကကောင်တွေနဲ့ ဘောလုံးကန်ဖို့ လူစုကြရာ ကျွန်တော်ရော မာန်ရောပါဖြစ်ကြသည်။ အသက်တွေကြီးလာတာမို့ လူကောင်တွေပါမတူတော့ပေမယ့် ခြေစွမ်းတွေဘယ်လိုပြောင်းမလဲဆိုတာ ရင်ခုန်မိသည်။

မမြင်ရတာကြာတဲ့မျက်နှာတွေ ပြန်မြင်ရတဲ့အခါ ကျောင်းတုန်းကအချိန်ကို သတိရ‌မိသည်။ နိုင်ငံခြားထွက်သူနဲ့ အလုပ်မအားသူနဲ့ကြောင့် လူမစုံပေမယ့်လို့ ၁၅ယောက်လောက်ပြန်တွေ့ကြတာကိုပင် ကျောင်းခန်းထဲကလို စကားတွေများဖြစ်ကြသေးသည်။

ဟိုဘက်အသင်းကလူတွေလာသောအခါ မိတ်ဖြစ်ဆွေဖြစ်နှုတ်ဆက်ရင်း ပွဲစတော့သည်။

ကျွန်တော်နဲ့မာန်က ကျောင်းတုန်းကလိုပဲ ရှေ့တန်းကိုနေရာယူသည်။ ဘားဖိနပ်က ကျွန်တော့်ခြေထောက်နဲ့ အံ၀င်ခွင်ကျဖြစ်နေတုန်းပဲ။ မာန်နဲ့ကျွန်တော်လဲ အပေးအယူမျှနေတုန်းပဲ။ ပြေးရင်းလွှားရင်း ဘောလုံးပေါ်အာရုံစိုက်ရင်း ကျွန်တော် မောဖို့ပင်မေ့နေခဲ့သည်။

ပီးးးးးးးးးး

ပထမပိုင်းအပြီးတွင် ၂:၂ နဲ့ သရေကျနေသည်။ ကိစ္စမရှိပါ။ ကျွန်တော်တို့ ဗျူဟာအသစ်ပြောင်းဖို့ တိုင်ပင်ပြီးပြီ။

ကွင်းဘေးတွင် ဘောလုံးကန်သောပုဂ္ဂိုလ်များရဲ့ အသည်းတော်လေးများ ထိုင်ကာအားပေးနေကြသည်။

တောက် ငါလဲ ခေါ်စရာမရှိ ကြံဖန်ပြီး မှိုင်းမင်းအိမ်ကို ဆွဲခဲ့ရမှာ... နာတာပဲ....

တော်သေးတယ် မာန်လဲ ကျွန်တော့်လိုပဲ မဖြစ်ထွန်းလို့ သူလဲတစ်ကိုယ်တော်ပဲ...

ကောင်မလေးတွေပါတဲ့ သကောင့်သားတွေကတော့ ကောင်းတာပေါ့ဗျာ။ နားချိန်လေးရတာနဲ့ ပိုင်သူဆိုင်သူဆီပြေးပြီး ရေသောက်ရင်း ချွေးသုတ်ပေးတာခံကြတာပေါ့။ ကျွန်တော်တို့လိုဟာတွေကြ မြက်ခင်းပေါ်ပက်လက်ပေါ့။

'သူပိုင်ဆိုင်သော ကျွန်တော့်ဘဝ၏ တစ်စိတ်တစ်ပိုင်း'Where stories live. Discover now