ရှင်သန်ခြင်းရဲ့ အဓိပ္ပာယ် (၂၅)

18 1 0
                                    

ရေကူးလိုက် ရေသူမကျွန်းသွားလိုက် ဓာတ်ပုံရိုက်လိုက် အကင်ပတ်စားလိုက် မြို့ထဲသွားကြည့်လိုက်နဲ့ တစ်နေ့က ဘယ်လိုကုန်လို့ကုန်မှန်းတောင် သေချာမသိလိုက်ပါ။

ညနေကျ မှိုင်းက ဟိုတယ်ပိုင်ရှင်ဦးလေးနဲ့ ညစာစားဖို့ရှိသည်ဟုပြောလာသည်။

အစက ကျွန်တော်ပါ Join ဖို့လုပ်ရာကနေ ကျွန်တော် ပင်ပန်းနေတော့ သူက သူပဲခဏသွားလိုက်ပြီး ကျွန်တော့်ကို Room serviceနဲ့ ညစာပို့ပေးလိုက်မည်ဟု ပြောသည်ကို ကျွန်တော်လက်ခံလိုက်သည်။

ညစာစားရင်း လေညှင်းလဲခံရင်း ကျွန်တော် တစ်ယောက်တည်း Quality Time လေးကို ကျော်ဖြတ်နေရင်းကနေ အတွေးတွေလဲများခဲ့ရသည်။

ငယ်ငယ်တုန်းက LGBT တွေကို နားလည်ဖို့ခက်ခဲခဲ့ပေမယ့် ကြီးလာတဲ့အခါ လူထဲကလူပဲဆိုတာကို ကျွန်တော်သိလာတဲ့အလျောက် တဖြေးဖြေးနဲ့လက်ခံလာနိုင်သည်။

ဒါပေမယ့် ကျွန်တော်ကိုယ်တိုင် အဲ့ထဲကသူတစ်ယောက်လား ဆိုတဲ့ မေးခွန်းကို ကိုယ့်ဟာကိုယ်ပြန်မေးမိတဲ့အခါမှာတော့ ဦးနှောက်ထဲက သွေးကြောတွေက အလုပ် လုပ်တစ်ချက်မလုပ်တစ်ချက်ဖြစ်လေသည်။

ပယင်းငယ် အပြီးပိုင်ဖျက်စီးခဲ့တဲ့ ကျွန်တော့်နှလုံးသားက ပြန်ခုန်တယ်ဆိုတာ ဖြစ်နိုင်ရဲ့လား။

စိတ်ကစဉ်ကလျား ဖြစ်တာလား။ အနေနီးလို့လား။ ဘာလို့လဲ။

မသေချာမရေရာတဲ့အချိန်မှာ သူ့ကို ကျွန်တော် စိတ်ဝင်စားနေပါပြီလို့တော့ ခေါင်းစဉ်မတပ်ချင်ပါ။

သူကရော ကျွန်တော်တကယ် ယုံကြည်လို့ရမယ့်လူလား။ နောက်တစ်ကြိမ်ထပ်ပြီး ရူးမိုက်သင့်ရဲ့လား။

တစ်ယောက်တည်း အတွေးနယ်ချဲ့နေတုန်း

"စကားပြောတာ မပြတ်လို့ ကိုယ်နည်းနည်းနောက်ကျမယ် အိပ်ယာဝင်ထားလိုက်တော့နော်"

ဆိုတဲ့ စာ သူ့ဆီကရောက်လာသည်။

ကျွန်တော်လဲ တစ်ကိုယ်လုံး ကိုင်ရိုက်ထားသလိုဖြစ်နေတာမို့ အိပ်ယာထဲ ခေါင်းချလိုက်ရုံရှိသေး အိပ်မက်ကမ္ဘာထဲတန်းရောက်တော့သည်။

'သူပိုင်ဆိုင်သော ကျွန်တော့်ဘဝ၏ တစ်စိတ်တစ်ပိုင်း'Where stories live. Discover now