ရှင်သန်ခြင်းရဲ့ အဓိပ္ပာယ် (၂၂)

20 1 0
                                    

မေအမရာ ဆိုသော မန်းလေးသူ ကောင်မလေးသည် ကျွန်တော်နှင့် တရုတ်စာဘာသာပြန်လုပ်ရင်း ခင်လာသူတစ်ယောက်ဖြစ်သည်။

မေသည် အရပ်ရှည်ရှည် အသားညက်ညက်နှင့် လှပသော မိန်းကလေးတစ်ယောက်ဖြစ်သည်။ တရုတ်စာ အခက်အခဲရှိတိုင်း ကျွန်တော့်ကို လာမေးတတ်ပြီး ကျွန်တော်လဲ အကူအညီလိုတိုင်း သူ့ကိုတောင်းတတ်သည်။ ပေါ့ပေါ့ပါးပါးနှင့် ခင်ဖို့ကောင်းသူမို့ ကျွန်တော်တို့ မြန်မြန်ဆန်ဆန်ရင်းနီးကြသည်ထင်သည်။

ကျွန်တော် မေနဲ့တွေ့တိုင်း မှိုင်းက ဘေးကလိုက်တတ်ပေမယ့် မှိုင်းနဲ့မေကတော့ စကားမပြောဖူးသလောက်ကို မခင်ကြပါ။ ကျွန်တော်ကြားက မျက်နှာပူရ‌တာမို့ မှိုင်းကို မေနဲ့သွားတွေ့လျှင် မခေါ်သွားဖြစ်တော့။

"လှည်းတန်းဈေးမှာ ၀ယ်စရာရှိလို့ မေနဲ့ခဏလောက်လိုက်ခဲ့ပေးပါဦး"

ဟု လှည်းတန်းမှာ အလုပ်ကိစ္စကြောင့် တွေ့ကြရင်း မေကတောင်းဆိုလာ‌တာမို့ ကျွန်တော်လိုက်ပါရန် သဘောတူလိုက်သည်။

လှည်းတန်းဈေးသည် ပူမြဲပူစဲ။ လူ‌လဲ စည်သည်။

ဈေးရုံတွေကို ကျွန်တော်မကြိုက်တတ်ပါ။ ဘယ်လောက်ပဲ တံခါးတွေဖွင့်ထားဖွင့်ထား အလုံပိတ်တွေလို့ပဲ ကျွန်တော်ခံစားရသည်။

အရမ်းလှောင်နေသလိုပင်။

"ဒီဟာနဲ့ ဒီဟာ ဘယ်ဟာပိုလှလဲ"

ကတ္တီပါဖိနပ် အပါးတစ်ရံ အမြင့်တစ်ရံ နှစ်ရံကိုကိုင်ကာ မေက ကျွန်တော့်ကိုမေးသည်။ နှစ်ရံလုံးကနက်ပြာမို့ သူ့ခြေဖမိုးခပ်ဖွေးဖွေးနဲ့ လိုက်မှာအမှန်ပင်။

"မေကြိုက်တာ၀ယ်လေ မေစီးလို့ သက်တောင့်သက်သာဖြစ်တာ ၀ယ်ပေါ့"

"မေက နှစ်ရံလုံးကြိုက်တယ်ရော"

ရွေးချယ်ရခက်နေစဉ် ဆိုင်ရှင်အမက

"ညီမလေးကအရပ်ရှည်တော့ အပါးလေးစီးပါလား အပါးလေးက အောက်က သရေပြားကောင်းတယ်။ အမြင့်စီးရင် ကောင်လေးနဲ့ ရင်ခွင်မှီမဖြစ်တော့ဘူးပေါ့"

ဆိုပြီး ပြုံးပြုံးဖြင့်ပြောလာသောအခါ ကျွန်တော်ရော မေရော မျက်လုံးပါပြူးသွားသည်။

'သူပိုင်ဆိုင်သော ကျွန်တော့်ဘဝ၏ တစ်စိတ်တစ်ပိုင်း'Where stories live. Discover now