ရှင်သန်ခြင်းရဲ့ အဓိပ္ပာယ် (၂၃)

24 1 0
                                    

"မရဘူးးးးး လိုက်ခဲ့ရမယ် "

မှိုင်းမင်းအိမ်၏ အကွက်များသည် တစ်နေ့တစ်မျိုး မရိုးရ။

‌သူ့အဖေနှင့်အသိ ဦးလေးမှ ငွေဆောင် ရှိ ဟိုတယ်လတ်မှတ် သုံးးညအိပ်လေးရက်စာအား သူ့အဖေကို လက်ဆောင်ပေးသည်ကို အဖေဆီမှ ဓားပြ ပြန်တိုက်လာပုံပေါ်သည်။

အဲ့လတ်မှတ်ကိုအကြောင်းပြရင်း ကျွန်တော့်ကို ငွေဆောင်မပါပါအောင်ဆွဲချင်တာကြောင့် ဂျစ်တိုက်တော့သည်။

မားကလဲ သူနှင့် တစ်ဂိုဏ်းထဲ။ သွားလေ စိတ်ပြေလက်ပျောက်ဟုဆိုကာ သူ့သားကို ယုံယုံကြည်ကြည်ထည့်သည်။

တစ်နေ့တစ်ခါတွေ့တာတောင် မနည်းပတ်ပြေးနေရတာ သုံးညအိပ်လေးရက်သာဆို လွန်း တစ်စစီဖြစ်မည်။

ပြီးတော့ အခုတစ်လော သူကငြိမ်ငြိမ်နေသည်လဲမဟုတ်။

စိတ်ကူးပေါက်ရင် ပေါက်သလို အနားက ကပ်ကပ်လာတာ ။

"မဖြစ်သေးပါဘူး ငါအလုပ်ရှိသေးတယ်"

"ဟာ မရဘူး...အဲ့အလုပ်ကို ဟိုယူခဲ့ "

"ဟိုမှာဆို အာရုံဘယ်ရမလဲ"

"မရလဲ ဟိုမှာပဲလုပ်..."

ကျွန်တော့် ခရီးဆောင်အိတ်ကို သူ့ဟာသူသွားထုတ်လာပြီး ကျွန်တော့်ဘီဒိုကိုဖွင့်ကာ အကျီအကြိုက်ထည့်နေသည်။

"မှိုင်း..ငါတကယ်ပြောတာ"

"ကိုယ်လဲ တကယ်ပြောတာ လွန်း မလိုက်ရင် ကိုယ်က တစ်ယောက်တည်းသွားရမှာလား"

"တခြားသူငယ်ချင်းခေါ်သွား"

"မသွားဘူး လွန်းနဲ့ပဲသွားမယ်... လွန်းနဲ့ခရီးမသွားဖူးလို့ အတူတူသွားချင်လို့ ကိုယ်က ဒီလောက်စိတ်လှုပ်ရှားနေတာကို လွန်းက ငြင်းရက်လိုက်တာ"

မျက်နှာငယ်နှင့် ဒရာမာခင်းတဲ့နေရာမှာလဲ သူဟာ အော်စကာရသင့်တဲ့ ပုဂ္ဂိုလ်။ ဒရာမာခင်းနေမှန်း သိရက်နဲ့လဲ ကျွန်တော်ကမနေနိုင်။

"မဟုတ်ဘူးလေကွာ...ငါလဲ မင်းနဲ့သွားချင်တာပေါ့ ဒါပေမယ့်"

"ဒါပေမယ့်ဆိုတာမရှိဘူး သွားချင်တယ်ဆိုရပြီ ကိုယ် လေယာဉ်လတ်မှတ်ပါဖြတ်ပြီးပြီ"

'သူပိုင်ဆိုင်သော ကျွန်တော့်ဘဝ၏ တစ်စိတ်တစ်ပိုင်း'Where stories live. Discover now