ရှင်သန်ခြင်းရဲ့ အဓိပ္ပာယ် (၂၄)

25 1 0
                                    

မျက်နှာပေါ်  နေရောင်ခြည်ဖြာကျလာတဲ့ နွေးထွေးမှုကို ခံစားမိတာနဲ့အတူ ကျွန်တော် အိပ်ရာကနေနိုးလာသည်။

ပထမဆုံးကြားရတာက လှိုင်းသံပေါ့။

လှိုင်းသံထက် သာယာတဲ့အသံ စည်းချက်ညီတဲ့အသံဆိုတာ ရှိလာမယ်လို့ကျွန်တော်မထင်ဘူး။

အဲကွန်းခန်းအေးအေးလေးထဲမှာ နေရောင်ခြည်နွေးနွေးလေးကို အရသာခံလိုက်ရင်း လိုက်ကာဖွင့်ထားသောမှန်မှတစ်ဆင့် မြင်နေရသည့်ကမ်းခြေကို လှမ်းကြည့်နေမိသည်။

လှလိုက်တဲ့ မနက်ခင်း။

နေ့တိုင်းဒီလိုသာ နိုးထလာချင်တော့တယ်။

ညက သေချာပေါက် ဆိုဖာပေါ်အိပ်ပျော်သွားပေမယ့် မနက်ကျ ကုတင်ပေါ်ရောက်နေမယ်ဆိုတာ ကျွန်တော်ကြိုတင်ခန့်မှန်းပြီးသားဖြစ်သည်။

ကြောင်ဆိုးကောင်ကို သက်သက်မဲ့ ဂျစ်တိုက်ချင်ရာကနေ ဆိုဖာပေါ်အိပ်လိုက်ပေမယ့် ကြောင်ဆိုးကောင်က ကျွန်တော့်ကို အဲ့အတိုင်းလွှတ်ထားမှာမဟုတ်ဘူးဆိုတာကတော့ အသေအချာပါပဲ။ နိုးနေတုန်း ပြောမရတော့ အိပ်ပျော်သွားမှ ရွှေ့လိုက်ပုံရသည်။

ကိုယ့်အတွေးနဲ့ကိုယ် ပြုံးမိရင်း ကျောပေးထားတဲ့ဘက်ကိုလှည့်လိုက်တာ မှိုင်းက ကျွန်တော့်ဘေးမှာ ခေါင်းဦးကိုကျောမှီရင်း ထိုင်နေသည်။ ပေါင်ပေါ်မှာ သူ့ laptop ကို တင်ထားပြီး တိတ်တိတ်ဆိတ်ဆိတ် နဲ့ စိတ်ဝင်တစားဖတ်နေသည်။

"ဘာတွေဖတ်"

ကျွန်တော် သူ့ဘက်ကို ခေါင်းတိုးလိုက်ရင်း laptop ကိုလှမ်းကြည့်လိုက်တော့ သူက ဟက် ကနဲ ရီကာ ကျွန်တော့်ခေါင်းကို ပွတ်ပေးလာသည်။

"Good Morning"

" အင်း morning 🥱"

သူ့လက်က ကျွန်တော့်ဆံပင်တွေကို ခပ်ဖွဖွလေး ဖွနေတုန်းပင်။

"ကိုယ့်အလုပ်က ကိစ္စနည်းနည်းပေါ်လာလို့"

ကျွန်တော်တို့နှစ်ယောက် အသက် ၂၄နှစ်မှာပြန်တွေ့ကြပြီး အခုအသက် ၂၆နှစ်ရှိပြီ။ ပြန်စဉ်းစားကြည့်မှ ဒီ၂နှစ်တာ ကာလအတွင်း သူဘာအလုပ်လုပ်လဲဆိုတာ ကျွန်တော်မသိပါ။ ကျွန်တော်လည်းမမေးဖြစ်သလို သူလဲ ကျွန်တော့်ကိုပြောပြဖူးတာမရှိပေ။

'သူပိုင်ဆိုင်သော ကျွန်တော့်ဘဝ၏ တစ်စိတ်တစ်ပိုင်း'Where stories live. Discover now