ရှင်သန်ခြင်းရဲ့ အဓိပ္ပာယ် (၂၇)

22 1 0
                                    

"အိပ်တော့မယ်နော်"

သူ့ဆီကရောက်လာတဲ့စာကြောင့် ကျွန်တော်မျက်မှောင်ကုပ်လိုက်မိသည်။ ဒီရက်ပိုင်းသူတအားတွေကို စောစောအိပ်နေတာ။

ဘာလို့ စောအိပ်နေတာလဲ လို့မေးတော့ အိပ်ချိန်ပြင်မလို့တဲ့လေ။

ပြသနာက သူ့ဟာသူမအိပ်ပဲ ကျွန်တော့်ကိုပါ အတင်းဇွတ်အိပ်ခိုင်းနေတော့တာပင်။

ကျွန်တော့် ဘာသာပြန်အလုပ်ကလဲ ညဘက်မှပိုလက်ဝင်တာကြောင့် ညမအိပ်တဲ့ကျွန်တော့်ရဲ့ မျက်ကွင်းမဲမဲတွေက သူ့အတွက်တော့ ရန်သူတွေလို။

"အဲ့မျက်ကွင်းတွေ ကိုယ်မမြင်ချင်ဘူး" ဆိုပြီး ပွစိပွစိပြောလာသည်။

ဒါတောင် နဂိုဆို လေးနာရီလောက်မှအိပ်တဲ့ကျွန်တော်က တစ်နာရီလောက်မှာ စောအိပ်ပေးတာတောင် သူ့မှာမကျေနပ်နိုင်။ စောမအိပ်တဲ့အကြောင်းပြချက်နဲ့ အမြဲအဘိုးကြီးလို လာလာဆူတတ်သည်။

"အခုတစ်လောတအားတွေ စောစောအိပ်နေပါလား"

"အင်း လွန်းလဲအိပ်တော့လေ"

"ကိုးခွဲကြီးကိုလေ"

"စောအိပ်ဖို့ကြိုးစားရမယ်လေ"

"ငါနဲ့စကားမပြောချင်တော့လို့ ဉာဏ်ဆင်နေတာလား"

"မဟုတ်တာ.."

ကိုးနာရီခွဲမှာ အိပ်တဲ့လူ ဘယ်သူရှိလဲ။

ရုတ်တရက် စိတ်ထဲတစ်မျိုးဖြစ်သွားသည်။

ကမ်းခြေကပြန်လာပြီးကတည်းက ကျွန်တော်သူ့မျက်နှာကို သေချာမမြင်ရသေး။ နိုင်ငံခြားကအမျိုးတွေခဏပြန်လာလို့ သူကျွန်တော့်ဆီလာရန် ခက်ခဲနေသည်ကို ကျွန်တော်နားလည်သည်။ ဖုန်းလဲသေချာမပြောဖြစ်တဲ့အပြင် ညမှစကားပြောရတဲ့ဟာကို အစောကြီးအိပ်ခိုင်းနေသည်။

ထူးတော့ထူးဆန်းသည်။ ကျွန်တော့်စိတ်ထဲ အလိုအလျောက်ဖြစ်ပေါ်လာတဲ့ ခံစားမှုကို လျစ်လျူရှုဖို့ကြိုးစားလိုက်ရသည်။

ယင်းနှင့် မှိုင်းဆိုတာ အကွာကြီးပါလေ။

ဒါပေမယ့် ကျွန်တော်သူ့ကို ဘာမှမမေးရဲပါ။ မေးဖို့သတ္တိလဲမရှိပါ။ ပထမဆုံးအကြိမ် သူ့ကိုတစ်ခုခုမေးရမှာကို ကျွန်တော်ကြောက်ရွံ့နေခဲ့သည်။

'သူပိုင်ဆိုင်သော ကျွန်တော့်ဘဝ၏ တစ်စိတ်တစ်ပိုင်း'Where stories live. Discover now