ရှင်သန်ခြင်းရဲ့ အဓိပ္ပာယ် (၁၇)

22 1 0
                                    

အသုဘ ကြော်ငြာစာရွက်လေး ကျွန်တော့်လက်ထဲရောက်လာတဲ့အခါ ကျွန်တော် အလန့်တကြား သူ့မျက်နှာကိုလှမ်းကြည့်မိသည်။

ဘာကိစ္စမှမရှိခဲ့သလို သူ့မျက်နှာက အရင်လို။ လာခဲ့နော် ဆိုတဲ့စကားတစ်ခွန်းပဲပြောပြီး ပြုံးပြကာ ကားပေါ်ပြန်တက်သွားသည်။

သူ့အပေါ် အာရုံမထားနိုင်ခဲ့တဲ့ တစ်လအတွင်းမှာ သူနဲ့တစ်အိမ်ထဲနေ့တဲ့ သူ့ဘွားဘွား ရဲ့ရောဂါအခြေအနေဆိုးလာပြီး ဆုံးပါးသွားခဲ့ရသည်ကို ကျွန်တော် ဘာမှမသိလိုက်လောက်အောင် ကျွန်တော် အလုပ်ရှုပ်နေခဲ့တာ။

ပထမဆုံး အိမ်ပြောင်းတာမို့ အိမ်အသစ်အခြေအနေ ၊ထည့်ဖို့ပရိဘောဂတွေ လိုအပ်တာတွေ ပြင်ဆင်ရင်း အထု‌တ်တွေပြင်ရင်း ကျွန်တော် ပျက်ယွင်းနေတဲ့သူ့မျက်နှာကို စေ့စေ့မကြည့်မိတာ။

သတိမထားမိခဲ့လေခြင်းဆိုပြီး ကိုယ့်ကိုကိုယ်အပြစ်တင်မိသည်။

အဘွားကို အရမ်းကပ်တဲ့ သူ့ရင်ထဲ ဘယ်လောက်တောင် ပူလောင်နေခဲ့လိုက်မိလဲ။

ကျွန်တော့်မိသားစုပြောင်းလာတဲ့ အိမ်အသစ်ကို သူလာလည်တဲ့ပထမဆုံးအကြိမ်က အသုဘ ကြော်ငြာစာရွက်လာပေးတာတဲ့လား။

ကျွန်တော့်ရင်ထဲ အလေးတုံးကြီး ပြစ်၀င်လာသကဲ့သို့ လေးလံသွားရသည်။ အသုဘဆိုတာကို မကြားချင်လောက်အောင် ကျွန်တော်မုန်းတီးသည်။ ကျွန်တော့်အဘွားနှစ်ယောက်လုံး ကျွန်တော့်ရှေ့မှာပင်ဆုံးခဲ့တာမို့ နာကျင်မှုကို တိုင်းစနိုင်သလောက် နားလည်မိသည်။

ဒါတောင် ကျွန်တော့်အိမ်ပြောင်းတာကို အလုပ်များနေလို့ လာမကူနိုင်လို့ပါ ဆိုပြီး အားနာနာနဲ့ပြောနေခဲ့သေးတာ သူက။

ရေဝေး သည် တကယ့် လူတွေရဲ့ အဆုံးသတ်ဟုဆိုနိုင်သလောက်ကို အေးစက် ငြိမ်သက်လွန်းသည်။

အခေါင်းတစ်ချို့နှင့် မိသားစုတစ်ချို့တို့ ငိုနေသံတွေက ပျံ့လွင့်နေပြီး မီးခိုးခေါင်းတိုင်မှလဲ အငွေ့တစ်လူလူထွက်လို့နေသည်။ နေအလင်းရောင်ဖြာကျနေသလောက် အေးစက်နေသော ပတ်၀န်းကျင်ကို အနွေးဓာတ်က မဖုံးလွှမ်းနိုင်။

'သူပိုင်ဆိုင်သော ကျွန်တော့်ဘဝ၏ တစ်စိတ်တစ်ပိုင်း'Where stories live. Discover now