အသေးမွှားဆုံးသော အစိုင်အခဲ (၈)

22 1 0
                                    

"ဟိုနှစ်ကောင်ပူးနေပြန်ပြီ"

စာပြီးလို့ ဘေးချင်းယှဉ်ရက် ခေါင်းခြင်းဆိုင်ကာ ဂိမ်းအကြောင်းပြောနေသည့် ကျွန်တော်နှင့် မှိုင်းဆီသို့ ဆရာကမြှားဦးလှည့်လာသည်။ ဆရာက ဒီတိုင်းပြောတာကို ကျွန်တော် ဘာမှမဖြစ်ပါ။ ထိုအချိန်တွင် ဆရာ့နောက်မှ ကျွန်တော်ကြည့်မရသော ဟိုပုဂ္ဂိုလ်က စကားယောင်လိုက်မှ ကျွန်တော့်ဒေါသတွေပွင့်ထွက်လာတော့သည်။

"အေးလေကွာ မင်းတို့နှစ်ကောင်ကလဲ ပေါင်ပေါ်သာတင်ထားလိုက်ပါတော့ လင်မယားတွေကြနေတာပဲ ခွာလို့ကိုမရဘူး"

ကျူရှင်တစ်ခုလုံးက ဝါး ကနဲထရီပေမယ့် လူသတ်တော့မယ့် မျက်နှာဘေးနဲ့ကျွန်တော်ရယ် ကျွန်တော့်ဒေါသတွေကိုမြင်တဲ့မှိုင်းရယ်ကတော့ မရီနိုင်ပါ။

ဟိုကောင့်ကို ခပ်တည်တည်နဲ့စိုက်ကြည့်နေတဲ့ ကျွန်တော့်ပုခုံးကို မှိုင်းက သူ့လက်တစ်ဖက်ဖြင့်ထိန်းထားသည်။

ဟိုကောင် ဘာရည်ရွယ်ချက်နဲ့ပြောလဲဆိုတာ အသိသာကြီး။ သူကျွန်တော့်ကို ကြည့်မရလို့ ဘယ်အချိန်ဘယ်လိုလုပ်လို့ရမလဲ ချောင်းနေတာ။ ကျောင်းသာဖွင့်ရင် ဒီကောင် ယင်းဆီပြေးပြီး ကျွန်တော်ကဂေးပါဆိုပြီး သွားညှောင့်မယ့်အမျိုး။ ဂေးကောင်ဆိုပြီး ဝိုင်းဟားတဲ့ဖီးလ်ကို အပြည့်အ၀ရတာမို့ ပိုဒေါသထွက်လာသည်။

ပိုဆိုးတာက မှိုင်းကြောင့်။ ဟုတ်တယ်။ မှိုင်း က ဂေးတစ်ယောက်လေ။

မှိုင်းက ဂေးဆိုတာကို သိတာ ကျွန်တော်တစ်ယောက်တည်းဆိုတော့ အဲ့လိုအော်ကြီးဟစ်ကျယ် အစခံရတဲ့အခါ သူ့အတွက် ကျွန်တော်ကမလုံမလဲဖြစ်ပြီး စိတ်မကောင်းဖြစ်ရသည်။

ဟေးလားဟားလားနဲ့ ပြန်ဆဲပြီး ပြီးသွားရမယ့် စနောက်မှုက စနောက်မှုလို့ မခံစားရတော့တဲ့ အဲ့အချိန်မှာ မှိုင်းက ကျွန်တော့်ကိုပြသနာမတက်စေချင်တဲ့ပုံ။

"လွန်း ငါတောင်းပန်ပါတယ် ဆောရီးကွာ ‌"

စကားလုံး၀ဆက်မပြောတော့ပဲ ဒေါသတွေထွက်လို့ ကိုယ့်စိတ်ကိုယ်မနည်းထိန်းနေရကာ တိတ်ဆိတ်သွားတဲ့ ကျွန်တော့်ကို မှိုင်းက ကျူရှင်ချိန်ဆက်တိုက် ကျွန်တော့်ဘေးကနေတောင်းပန်နေသည်။

'သူပိုင်ဆိုင်သော ကျွန်တော့်ဘဝ၏ တစ်စိတ်တစ်ပိုင်း'Where stories live. Discover now