Uni
"ခေါင်........"
ချွဲပြစ်နေတဲ့အသံနဲ့ ခေါ်မိသော်လည်း.....
သူ့ဆီက အကြည့်တစ်ချက်ကလေးတောင်မရ .....
"ခေါင်.....တို့ရှင်းပြပါရစေဟာ ....သူနဲ့ကငယ်ငယ်ထဲကသူငယ်ချင်းပါဟာ.....ယူအထင်မလွဲပါနဲ့နော်"
"သူကလေ တို့ကိုအရက်တေအတင်းတိုက်လို့ ဖြစ်သွားတာပါဟာ တို့ဘက်က ဘာစိတ်မှမရှိဘူးသိလား တို့ကိုအထင်မလွဲပါနဲ့နော်"
သူမ,မမှားကြောင်း အတင်းတေ ဇွတ်ရှင်းပြနေတဲ့ မိန်းကလေးရဲ့ ချွဲပစ်တဲ့အသံက ခေါင်ဆိုတဲ့ငါ့အတွက် အရမ်းတွေအော်ဂလီဆန်စေတယ်......
"မင်းကို ငါကမေးနေမိလို့လား"
အကြည့်တစ်ချက် .....တစ်ချက်ကလေးမှ မပေးပဲ ပြောသွားတဲ့စကား တစ်ခွန်းက ငြင်သာမှုမရှိ.....ရှင်က ကျွန်မကိုချိုးတာလား
" စောသရာခေါင်!!! "
ရုံးခန်း တံခါးပေါက်ဆီ လှမ်းနေသော ခြေလှမ်းများရပ်တန့်ပြီး အကြည့်စူးစူးက ထိုမိန်းမဆီ ဒိုင်းခနဲရောက်လာသည်
"ရှင်မေ့နေတာလား ကျွန်မကရှင်ကုမ္ပဏီရဲ့ ဒုတိယရှယ်ယာအများဆုံး ဉီးသိက္ခာမိုးမြင့်ရဲ့ သမီးဆိုတာကို........ရှင့်ရဲ့ ကျွန်မအပေါ်ဆက်ဆံတဲ့နည်းလေးတေ ပြောင်းရင်ကောင်းမယ်လို့ အကြံပေးချင်တယ် "
ခေါင် မျက်ခုံးတို့တစ်ချက်ပင့်ရုံသာ ဒီမိန်းမဘာတွေ ဘဝင်မြင့်နေပါလိမ့်
ခေါင် ဖြစ်သွားတဲ့မျက်နှာ အနေထားကြောင့် အပိုင်ထင်ပြီး ထပ်ဖိရန် ကြံနေသော ကာရန်မိုးမြင့်
"ယောက်ျားတေ အကုန် ကျွန်မရဲ့ အလှတရားအောက်မှာ ကျရှုံးခဲ့ရတာချည်းပဲ အဲ့ယောက်ျားတေကိုခါပြီး ရှင့်ဆီကပ်နေတာကို ဂုဏ်ယူစမ်းပါ ခေါင်ရယ်"
"အန်ချင်စရာတေ ပြောနေတာမရပ်သေးဘူးလား ရွံစရာတေသိပ်ပြောတာပဲနော် အဟက် .....မင်းအဖေရှယ်ယာတေမရှိလို့ ပြိုလဲမဲ့ကုမ္ပဏီ ထဲမှာ ငါ့ကုမ္ပဏီ မပါဘူးနော် အထင်တေစွတ်ကြီးမနေနဲ့ မင်းလိုမိန်းမက ငါ့ကိုကပ်တာဂုဏ်ယူရမယ်ဟုတ်လား ရယ်စရာတောင်ကောင်းသေး လစ်လိုက်"