Uni
"အားးးးးကျွတ်စ် ကျွတ်စ် ခေါင်းကိုက်တယ် အဟင့်"
ပျို လေးလံလှတဲ့ မျက်ခွံတွေဖွင့်ဖွင့်ချင်း အုံကိုက်လာတဲ့ ခေါင်းကြောင့် အသံထွက်ပြီး ညည်းမိလိုက်သည်
"ကျွတ်စ်..... ငါညက ဘယ်လိုပြန်ရောက်လာပါလိမ့်....ရှိုင်းသက် များပြန်လိုက်ပို့တာလား"
ဒေါက်...ဒေါက်
"ပျို ....ခလေး ကိုကို ဝင်ခဲ့မယ်နော်.....နိုးနေပြီမို့လား"
"အင်း....ဝင်ခဲ့ ကိုကို"
ပျို အတွေးနယ်ချဲ့နေတုန်း ကိုကိုဆီမှ ခွင့်တောင်းသံကြောင့်
ညည်းငြူသံဖြင့် ပြန်ဖြေလိုက်သည်"ဘယ်လိုနေသေးလဲ....... ဘယ်နားက အဆင်မပြေဘူးလဲ"
မင်းပျိုလွင် သံပုရာရည်ကို ပျို့ ဆီလှမ်းပေးရင်းမေးငေါ့ပြကာ မေးလိုက်တော့ မချိပြုံးဖြင့် ပြန်ဖြေလာသည်က
"အင်း~~~ ခေါင်းတော်တော်ကိုက်တယ်..... ပါးစပ်ထဲမှာလဲ သွေးအရသာကြီး ရနေသလိုလို ဘာလိုလိုနဲ့ တစ်မျိုးကြီးပဲ..."
"သေလေ..... မသောက်နိုင်ပဲသောက်တာကို .....ဘာတွေစိတ်ညစ်စရာများရှိနေလို့လဲ ဟမ်..."
"မရှိပါဘူး.....ရှိုင်းသက်နဲ့ အဖော်လုပ်ပြီးသောက်တာ"
ရှိုင်းသက် ကိုအဖော်လုပ်ပေးတာဆိုတော့.....ဟိုခွေးကောင်က ဘယ်ကပါလာတာလဲ ....သူကဘယ်လိုသိလို့ဖုန်းဆကက်တာလဲ
သံပုရာရည်ကို တစ်ငုံချင်းသောက်လိုက် ဖြေလိုက်နဲ့ အလုပ်များနေတဲ့ ညီတော်မောင်က ညကကိစ္စကို မှတ်မိပုံမပေါ်..........သိချင်နေပါတယ်ဆိုမှ......
"မနေ့ညက အိမ်ကိုဘယ်လိုပြန်ရောက်လာတာလဲ ....ဘယ်သူလိုက်ပို့လဲ ဆိုတာ ကိုကိုသိလား"
"ပျို မနေ့ညကကိစ္စတွေ မမှတ်မိဘူးလား....."
ပျို ကသံပုရည်ခွက်ကို ကမ်းပေးရင်း ခေါင်းရမ်းပြသည်
မင်းပျိုလွင် သက်ပြင်းချကာ မနေ့ကသူ့ကို စောသရာခေါင် ဖုန်းဆက်ပြီး လာခေါ်ခိုင်းကြောင်း...သူ့ရဲ့သက်တော်စောင့်ကို ပျို ကို စောက်ရှောက်ဖို့အတွက်ထားခဲ့ကြောင်းတွေ ပြောပြလိုက်သည်