EP(16)🍂

712 27 30
                                    

Uni

ဒီနေ့က ပျိုတို့ ဒုတိယနှစ်တွေ ကျောင်းဖွင့်တဲ့နေ့ပင်...

ကျောင်းအတွင်း၌ ကားသံ လူသံများဖြင့် ပြန်တွေ့ကျ၍ ပျော်ရွှင်နေကြသော သူငယ်ချင်းများဖြင့် တော်တော်ကို လူရှုပ်နေသည်

ပျိုရဲ့... ပထမနှစ်က နာမည်ကြီးချင်းက အခုဒုတိယနှစ်အထိပင်.......တစ်စက်ကလေးမှမလျော့

ကျောင်းရဲ့Kingထက်ပင် နာမည်ကြီးသောကြောင့်.......စိတ်ဝင်စားသူများက ယောက်ျားလေး....မိန်းကလေးအပြင် ဆရာ/ဆရာမ အထိကိုများလွန်းသည်

"ပထမဆုံးနေ့မှာပဲ.........ဒီကနောင်တော်ရဲ့ ခုံပေါ်မှာ မုန့်တွေပြည့်နေပြီပဲ"

ဟုတ်ပါသည်......ပျိုရဲ့ အတန်းထဲဝင်ဝင်ခြင်း မုန့်တွေနဲ့ပြည့်နေတဲ့ခုံကြောင့် ရှိုင်းသက်က စနောက်ကာပြောတော့သည်

ခုံက ကြိုက်တဲ့နေရာထိုင်လို့ရပေမယ့် အခုက မင်းပျိုမာန်သွင် ဆိုပြီး နာမည်စာလုံးက ပြူးပြူးကြီးတပ်ထားလို့ ဘယ်သူမှ ထိုခုံကိုမထိုင်ကြ ပိုင်ရှင်သတ်မှတ်ထားပြီးသားမို့ ရှောင်ကွင်းပြီးထိုင်နေကြခြင်းသာ......

"ထုံးစံအတိုင်း.....ဒီကလူကြီးမင်းကပဲ ရှင်းပေးပါဉီး"

ပျို.....တရုတ်ရိုးရာ လိုမျိုး လက်နှစ်ဖက်ကို ထပ်ကာဖြင့် ဉီးညွှတ်ရင်းပြောလိုက်သည်

"ဒါဆိုလဲ အားမနာတော့ဘူးနော်.....ရှဲရှဲ လူကြီးမင်းပျို"

"လဒစုတ် ရှိုင်းသက်.......တော်တော့ မင်းစားမဲ့မုန့်ယူပြီး ကျန်တာတွေ သိမ်းတော့.....အပြန်ကျရင် ကျောင်းနား မီးပွိုင့်က ခလေးတွေကိုပေးရအောင်လို့"

"ဟုတ်ကဲ့ပါခင်ဗျ"

ရွဲ့သလိုပြောတော့ ပျိုက မဲ့ပြုံးပြုံးပြကာ ပြောင်ပြလိုက်သည်

တစ်ခါတစ်လေ လူကြီးဆန်တဲ့ ပျိုက ရှိုင်းသက်နဲ့ဆိုရင်တော့.....ရှိုင်းသက်ပေါတိုင်းလိုက်ပေါပေးတဲ့ သူငယ်ချင်းကောင်းပင်...

T/N_ရှိလား.....အဲ့လိုသူငယ်ချင်းမျိုး🤭

..............

ပထမနေ့မို့လို့....စာသင်ချိန်က သိပ်မရှိဘူးဆိုတော့....မုန့်စားလိုက် အိပ်လိုက်နဲ့သာအချိန်ကုန်နေတော့သည်.......စာလဲလိုက်မကြည့်ဖြစ်ပေ......

You've reached the end of published parts.

⏰ Last updated: May 23, 2023 ⏰

Add this story to your Library to get notified about new parts!

ပျို🍂(ongoing)Where stories live. Discover now