Uni
အနက်ရောင် suitကို သပ်ရပ်စွာဝတ်ထားပြီး တစ်လှမ်းချင်းလျှောက်လာတဲ့ သူကမိုးပေါ်ကနေကျလာတာများလား.........
..ခေါင်ဆိုတဲ့ ငါ့ရဲ့အာရုံကိုတော့ နောက်စေတယ်"အားးးးးအဆင်လေး.....လှလိုက်တာ"
"လမ်းလျှောက်တာကအစ smartကျတယ် ....."
ပျို ရဲ့နောက်မှာ နောက်လိုက်များက ဆယ်ယောက်လောက်ပါလာကာ ပျို ကဉီးဆောင်ရင်း လမ်းလျောက်လာသည်
"ဟင်.....ကို....ကိုကြီး သူကခုနက ကိုကြီးဆုံးမလိုက်တဲ့ chef လေးမဟုတ်လား...."
"ဟင်.....ဟာ ဟုတ်တယ် မီး သူ....သူက ဘယ်လိုလုပ်ပြီး ..........
မ မဖြစ်နိုင်တာ"ကြောက်ကြောက်လန့်လန့်နဲ့ စကားများပါထစ်ကုန်ပြီ.......ဉီးနန္ဒကျော် ခေါင်းစားပြီလေ ခုတလော လုပ်ငန်းတေတအားကျတော့ သူရဲ့နောက်ဆုံး လက်ကျန်လေးကို ဒီHotelမှာ ရင်းနှီးမြုပ်နှံဖို့အတွက် ကြိုးစားရင်းကနေ Hotelရဲ့ MD မင်းပျိုမာန်သွင် နဲ့ချိန်းထားကာ ရောက်လာခဲ့ခြင်းပင်။
လူကသာ ပျက်ကိန်းဆိုက်နေတာ ဟိတ်ကြီးဟန်ကြီးက လက်ကမချ အခုလဲအလုပ်ကိစ္စ အတွက်လာ၍ Hotelရောက်ရောက်ချင်း သူ့ရဲ့အတွင်းရေးမှူးမ အတိအကျပြောရရင် သူနဲ့အခုတလော တွဲခုတ်နေတဲ့ မိန်းမက ပြဿနာရှာလိုက်ပြန်လေသည်
ခုတော့ သူချိုးနှိမ်စွာ ပြောခဲ့တဲ့ chefလေးက Royal Star 🌟ရဲ့ ဆက်ခံသူတဲ့လား ........
ပျို ......ဉီးနန္ဒကျော် ဆီသို့သာ တည့်တည့်မတ်မတ်လျောက်သွား လိုက်ကာ စားပွဲနားအရောက်တွင် သူ့အားငေးနေသော လူများဘက်သို့ သွားတတ်လေးပေါ်သည်အထိ ပြုံးပြကာ
"ကြွရောက်လာကြသော.....ဂုဏ်သရေရှိ လူကြီးမင်းများတို့ခင်ဗျာ ကျွန်တော်တို့ Hotelမှာ အားပေးသုံးဆောင်ရတာ အဆင်မပြေတာရှိရင်ပြောပါနော်....ကျွန်တော့်လက်ရာဟင်းပွဲအသစ်တေလဲ ရှိပါတယ်ဗျ ...... ကျွန်တော်က ဧည့်သည်တွေအပေါ်မှာ ဧည့်ဝတ်အရမ်းကျေတတ်တာဗျ အဟက်"
နောက်ဆုံး စကားလေးကို ဉီးနန္ဒကျော်ဆီသို့ မျက်လုံးသေများနဲ့ပြောလိုက်ခြင်းသာ....