EP(5)🍂

547 40 7
                                    

Uni

ခေါင် ဒီနေ့ အိမ်ကိုစောစောသာပြန်လာ လိုက်တော့သည်
ရှယ်ယာရှင် အစည်းဝေးတက်ရ ပရော့ဂျက်အသစ်တွက်အချိန်ပေးရနဲ့ မအားလပ်တဲ့ဘဝရောက်နေတာ 1ပတ်ရှိပြီ

ဒီနေ့တော့ နေ့တစ်ပိုင်းနားမယ်ဆိုပြီး 11ခွဲလောက်စောစော ပြန်လာခဲ့လိုက်တာ

"ဪ......ခေါင် ပြန်လာပြီလား ဒီနေ့စောတယ်နော် သားငယ်"

တီသက် အသံကြားလို့လှည့်ကြည့်လိုက်တော့ .....ဧည့်ခန်းထဲမှာ လူစုံတက်စုံပဲ.....တီလေးတို့နဲ့ အသိမိတ်ဆွေ အဒေါ်ကြီးတွေ လက်ဖက်ရည် သောက်ရင်း ဖဲဆော့နေကြတာ ..... တီသက်ကsuitအနက်ကို နက်စ်တိုင်လျော့ရဲရဲနဲ့ဝတ်ထားတော့ ၃၈နှစ်လို့မထင်ရအောင်နုသည်....တီသက်က လက်ဖ်တော့တစ်လုံးဖြင့်အလုပ်ရှုပ်နေသလောက် တီလေးကတော့တီသက်ဘေးမှာ ကြော့ကြော့လေးထိုင်ကာ ဖဲကစားနေသည် ......

တီသက်နဲ့ တီလေးက အသက်ငါးနှစ်ကွာတယ် တီလေး မွန်းသရာခေါင်က 43နှစ် တီလေး သက်မေတ္တာမောင်က 38နှစ် ဆိုပေမယ့် 28...29အရွယ်တွေလို နုပျို တုန်းပင်.....

"ဟုတ်တယ် တီသက် .....သားနားချင်လို့နေ့တစ်ပိုင်းပြန်လာတာ"

"အင်းး ....ထိုင်လေ မိတ်ဆက်ပေးမလို့.....ဒါက"

"ဪ.........ဒါ အမွန်းတို့ရဲ့ တူလေးဆိုတာလား ခန့်လိုက်ဟယ်.......အန်တီတောင် သားမက်တော်ချင်သွားပြီ"

ဖြတ်ပြောလိုက်တဲ့စကားကြောင့် သက်မေတ္တာမောင် စိတ်အနှေက်အယှက်ဖြစ်သွားပေမယ့် အလုပ်သာ ဆက်လုပ်နေလိုက်သည်

"ဟုတ်ပ ......မွန်းရယ် ကိုယ့်မှာလဲ သမီးရှိတယ်နော်....... အန်တီ့သမီးလေးနဲ့တွေ့ကြည့်မလား...အန်တီ စီစဉ်ပေးပါ့မယ်"

"အို.......ဒါတော့ဘယ်တရားမလဲ .....ဒါကအန်တီ့သမီး မေဧကရီ တဲ့ မှတ်ထားနော်"

ထိုအန်တီကြီးရဲ့ သမီးဖြစ်သူက ခေါင့်ကို တက်အုပ်မတက်ကြည့်နေတော့ ခေါင်စိတ်ပင် ပျက်လာသည်

"အို.....အန်တီ့သမီးလေးနဲ့တွေ့ချင်လဲ ရတယ်နော်"

ခေါင် ....ခေါင်းတွေကိုက်လာပြီး အရမ်းစိတ်ရှုပ်လာကာ ဒေါသပင်ထွက်လာသည် တီလေးကတော့ အားနာပြုံးဖြင့်သာ....

ပျို🍂(ongoing)Hikayelerin yaşadığı yer. Şimdi keşfedin