Uni
"ပျို လာလေ..... meetingကိုလာတာလား"
"ဟုတ်တယ်......ဒါနဲ့ကျေးဇူးပဲနော်....လက်ဆောင်အတွက်"
ပျို ပြောရင်းနဲ့ရုံးခန်းထဲက ဆိုဖာပေါ်ထိုင်လိုက်သည်
"ဘာလက်ဆောင်လဲ....ကိုကိုမသိပါလား"
မင်းပျို ဆိုဖာတစ်ဖက်မှာ ဝင်ထိုင်ရင်း အူကြောင်ကြောင်ဖြင့် မေးလိုက်သည်
ဟုတ်တယ်လေ......ကိုယ်မှမသိတာကို
"ဒါလေးလေ .....ကိုကိုပေးတာမလား.....ပျို သဘောကျပါတယ်"
ကတ္တီပါဘူးအနီလေးကို ထောင်ပြရင်း ပျော်ရွှင်စွာပြောလာတဲ့ ပျို ကြောင့် မင်းပျိုလွင် မျက်မှောင်ကျုံ့ပြီးကြည့်ကာ....
"ကိုကိုပေးတာမဟုတ်ဘူး ပျိုလေး"
"ဟမ်!!"
ပျို အံ့ဩသွားတာအမှန်ပါ.....ကိုကိုပေးတယ်ထင်ပြီး ဒီပစ္စည်းကိုလက်ခံလိုက် တခြားလူပေးတာဆိုရင်တော့....ပျို လက်မခံချင်။ ဘယ်သူပေးမှန်းမသိတဲ့ပစ္စည်း......
"ပျို ကကိုကိုပေးတယ်ထင်နေတာ........အခုတော့...."
စိတ်ပျက်စွာပြောလာတဲ့ ကိုယ့်ညီကြောင့် ကိုယ်ကပဲစဉ်းစားပေးရတော့မည်
"ပျိုလေး သဘောကျရင် ယူလိုက်လေ......တစ်ယောက်ယောက်က ဝတ်စေချင်လို့ပေးတာပဲ"
"ဒါပေမဲ့ ကိုကိုရယ် ......ဘယ်သူပေးမှန်းမသိ ..."
"ယူလိုက်ပါကွာ......ပေးတဲ့လူက ကိုယ့်အသိထဲကပါပဲ.....နောက်တော့လဲ သူ့ကိုလက်ဆောင်ပြန်ပေးလိုက်ပေါ့"
"ဟီး......ဟုတ်"
ထိုအခါမှ ပြုံးရွှင်စွာ ပြောလာတဲ့ ပျို ရဲ့ခေါင်းကိုဖွကာ သူပါလိုက်ပြုံးမိသည်.....
ဒေါက်.....ဒေါက်
"သခင်လေး.....အစည်းဝေးခန်းထဲလူစုံနေပါပြီ"
"အေး....လိုက်ခဲ့မယ်"
အပြင်ဘက်မှ သိုက် ပြောတော့.....ပျို ခြေကျင်းကိုကောက်ဝတ်ရင်း လှမ်းပြောလိုက်မိသည်
"ကိုကို.....ဘယ်လိုလဲ ပျို နဲ့လိုက်ရဲ့လား....ကြည့်ကောင်းရဲ့လား"