EP(7)🍂🚨

955 35 10
                                    

Uni

A little warning 🚨🚨

"အဟင်း .......ဟင်း ဒီကသူဌေးလေးက ကျွန်မနဲ့ပျော်ဖို့ အသင့်ဖြစ်နေပြီပဲ"

ပြောရင်းနဲ့ ထိုမိန်းမက ခေါင့် အင်္ကျီကြယ်သီးများကို တစ်ခုချင်းဖြုတ်ကာ ‌ပြောလာတဲ့ စကားသံက ရွံစရာပင်ကောင်းလှသည်

"ဖယ်လို့ ပြောနေတယ်လေ မိန်းမယုတ်....ကဲဟာ"

ဖြန်း!!!

ခေါင် အသိစိတ်ကိုအနိုင်နိုင်ထိန်းရင်း လက်ပြန်ရိုက်ချလိုက်၍ လူစီ နောက်ပြန်လန်ကျသွားသည်

"အဲ့ဒါ ငါ့အသားကို လာထိချင်အုံးးးး"

တောက်စ်

လူစီ ပါးကိုအုပ်ကိုင်ကာ ဒေါသဖြင့်လှမ်းကြည့်နေရုံသာ....

ခေါင် ပြောပြီးတော့ ဒယီးဒယိုင်ဖြင့် VIP ROOMမှ ထွက်ပြေးရင်း Toiletသို့ဝင်ပြီး မျက်နှာသစ်လိုက်သည်

စိတ်ကကြည်သွားသော်လည်း  အောက်ကသူ့ညီလေးက အစာလှမ်းတောင်းနေသော နဂါးလို အမောက်ထောင်ပြ နေသည်
ဒါတောင် နှစ်ငုံပဲသောက်လို့ ဆေးစွမ်းကို ခေါင်အဲ့လောက်တောင့်ခံနိုင်ခြင်းသာ .....

.........................

"ရှိုင်းသက် အေ့ .......မင်းစဉ်းစားကြည့်ကွာ အေ့ ငါကမြေကွက်ကို အဲ့လောက်လေးပဲပေးဝယ်တာကို ပါပါးက မုန့်ဖိုးဖြတ်တယ်တဲ့ "

ပျို   မူးပြီးအာလေးလျှာလေးဖြင့်ပြောနေသော်လည်း ရှိုင်းသက်မှာ ခေါင်းပင်မထောင်လာတော့ ......

"မင်းလဲစဉ်းစားကြည့်ကွာ ...... Kinnတို့ရေကူးကန် အေ့ အခန်းကို ကြည့် ချင် နေ တာ....ကို မပါတော့ အေ့ ငါအသဲကွဲတာအေ့......."

ရှိုင်းသက် ပြောနေတဲ့စကားပင်မဆုံးလိုက် မှောက်သွားသည်

"ဟျောင့်......အာ မင်းကမူးနေပြီပဲ နေဉီး ငါဝိတ်လျော့ပြီးရင် မင်းကိုလိုက်ပို့ပေးမယ် .....ငါ ....သေးတွားပေါက်ရိုက်မယ် အေ့"

ပျို   တော်တော်မူးနေပါသော်လည်း သူ့ကိုယ်သူ မမူးဘူးဟုသာ ခေါင်းရမ်းရင်း Toiletသို့ထွက်ခဲ့သည်...သိုသော် စကားများပင်မပီတော့သလို ခြေလှမ်းတွေလဲ မမှန်ချင်တော့.....

ပျို🍂(ongoing)Where stories live. Discover now