EP(12)🍂

356 28 7
                                    

Uni

ဟူး......သာယာလှတဲ့နေ့တစ်နေ့လေး

ဒေါက် ...... ဒေါက်

"ပျို......နိုးနေပြီလား .....ပါးနဲ့ ကိုကို ထမင်းစားခန်းမှာစောင့်နေမယ်နော် ရေချိုးပြီးဆင်းခဲ့"

ပြောပြီးထွက်သွားတဲ့ ကိုကိုကြောင့် ပျို ဘာမှလှမ်းပြောချိန်မရလိုက်......

ရေချိုးပြီးတော့ ထုံးစံအတိုင်း ပျို ကြိုက်တဲ့အရောင်ဖြစ်တဲ့ အဖြူနဲ့အနက်ကိုတွဲဝတ်၍ အောက်ထပ်ကို ဆင်းလာလိုက်သည်

အင်္ကျီTeeအဖြူပွပွကိုမှ ရင်ဘက်မှာအနက်ရောင် ကန့်လန့်ဆင်းနှစ်ခုနဲ့ ဘောင်းဘီဒူးလောက် ပွပွလေးဝတ်ထားတဲ့ ပျို လေးက ခါတိုင်းထက်ပို၍ ခလေးဆန်ကာ ကြည့်ကောင်းနေလေသည်

ခဲရောင်ဆံပင် မွေးရာပါမျက်လုံးပြာပြာလေးက အာရှသားလို့မထင်ရအောင်လိုက်ဖက်လွန်းသည် အရပ်က 5'11" ခန္ဓာကိုယ်က အရမ်းပိန်တာမျိုးမဟုတ်ပဲ ကြွက်သားများနဲ့ သူ့ဟာသူတော့ကြည့်ကောင်းသည်.....အဖုအထစ် အရမ်းမများပဲ သွယ်တဲ့ဘက်ရောက်တော့ ခန့်တာချောတာထက် ချစ်စရာကောင်းပြီးလှသည့်ဘက်ရောက်နေသည်

ချွင်...,ချွင်

လှေကားပေါ်မှ ခုန်ဆင်းလိုက်တိုင်း ညာဘက်ခြေထောက်မှ ငွေရောင် foot chainလေးကလှပစွာ လှုပ်ရမ်းလျက်.....

အပေါ်မှဝတ်ထားသောပုံစံနဲ့ ခြေကျင်းက ဘယ်လိုမှမအပ်စပ်သော်လည်း ပျို မို့လို့လိုက်ဖက်ကာ တစ်မျိုးလေးဆန်းနေပြန်သည်

"ပါး..... ပျိုလေး ကိုမစောင့်ပဲစားနှင့်တာမဟုတ်ဘူး......"

"ရပါတယ် .......လာထိုင်လေ ထမင်းစားရင် စကားပြောကြတာပေါ့"

ပျို တွေးမိပါတယ်......တစ်ခုခုတော့ ဖြစ်နေပြီလေ....ဘာလို့လဲဆိုတော့ ပုံမှန်စနောက်ပြီး ပြုံးနေတတ်တဲ့ အကိုဖြစ်သူ မင်းပျိုလွင် ကလဲဒီနေ့မှ တည်တည်ငြိမ်ငြိမ်နဲ့ ကော်ဖီသောက်ကာ တွေးနေသလို.....အိမ်တော်ထိန်းကြီးကလဲ မျက်နှာငယ်လေးဖြင့်.....

ဘာတွေဖြစ်နေကြတာပါလိမ့်.......

အဟမ်း..,

တိတ်ဆိတ်မှုကို စတင်ဖြိုခွင်းလိုက်တဲ့ ပါးရဲ့ ချောင်းဟမ့်သံ

ပျို🍂(ongoing)Where stories live. Discover now