Uni
"Black coffee တစ်ခွက်....သံပရာသီးညစ်ပေးဉီးနော်.....စပျစ်သီးကိတ်တစ်ပွဲ"
သေမင်း နေ့လည်စာရုံးခနနား၍ ထိုင်နေကြ ကော်ဖီဆိုင်လေးမှာ အေးဆေးနားရန် ရောက်လာခြင်းပင်....
ဒီဆိုင်က စပျစ်သီးကိတ်လေးနဲ့ Black coffee သေမင်း အတွက်နေ့တိုင်း စားနေကြ နေ့လည်စာလေးပင်........
"ဟိတ်......ကိုကို နေ့လည်စာ ထမင်းစားနားတာလား"
သေမင်း လှည့်ကြည့်စရာမလိုအောင် ဘယ်သူလဲဆိုတာသိပါတယ်....
"မင်း.....အရှုပ်ထုပ်လေး.....ရောက်လာပြန်ပြီလား ငါ့ကိုမနှောက်ယှက်နဲ့လို့ပြောထားတယ်လေ"
"ကိုကိုကလဲ ကျွန်တော်ကမနှောက်ယှက်ပါဘူး.....ကိုယ်သဘောကျတဲ့လူကို လာပိုးတာ နှောက်ယှက်တာမှမဟုတ်တာ...."
ရှိုင်းသက်သူ ပြောရင်းနှင့် မျက်နှာချင်းဆိုင်တွင်ထိုင်လိုက်သည်.....
သေမင်း နေ့လာစာစားချိန်ဆို ဒီဆိုင်ကိုလာတတ်မှန်းသိကတည်းက တခါတလေကြိုစောင့်နေသည်..,......တခါတလေကြတော့ သေမင်း ရောက်ပြီးငါးမိနစ်အတွင်းရောက်သည်....ငါးမိနစ်ထက်တော့မကျော်......
ထိုအချိန်.......
"မှာထားတာတွေ ရပါပြီဗျ"
"ကိုကို ဒီနေ့လည်း ထမင်းဗူး မပါလာဘူးမို့လား...,.."
ရှိုင်းသက် မျက်မှောင်လေးကျုံ့ကာ အလိုမကျသလိုဆိုလာတော့ .......
"အင်းလေ.......ထမင်းဗူးလုပ်ပေးမယ့်လူ မရှိဘူးဆိုတော့....ကိုယ့်ဘာသာကလဲ မလုပ်ချင်ဘူးပျင်းတယ်"
"မစားနဲ့တော့.....ပေး"
ရှိုင်းသက် ပြောလဲပြော ......မုန့်ပန်းကန်တွေဆွဲယူလိုက်သဖြင့် သေမင်း ဒေါသကငယ်ထိပ်
"မင်း......မင်းဘာလုပ်တာလဲ....... လွန်မလာနဲ့နော်"
"ကိုကိုရာ.....အဲ့ဒါတွေကအချိုပွဲတွေလေ.....နေ့လည်စာစားပြီးမှ တည်းရတာ......ဒီမှာ ကိုကိုတွက် ကျွန်တော် ထမင်းချိုင့်ထည့်ခဲ့ပေးတယ်"
ရှိုင်းသက် ပြောရင်းနှင့် ငါးဆင့်ချိုင့်ကြီး မြောက်ပြလိုက်သည်