Uni
ပျို မြေကွက်စာချုပ်ကိုယူကာ လေလံနိုင်လို့မြောက်ကြွမြောက်ကြွဖြင့် ကားပါကင်က ကိုကိုရှိရာသို့ လာခဲ့သည်
ပျို ပျော်ပါတယ် ကိုယ်လိုချင်တာရတော့ ပျော်တာပေါ့ ပြီးတော့ ဟိုအဖိုးကြီးကိုလဲ အနိုင်ပိုင်းနိုင်ခဲ့တာပဲ အဟက်၏၏
"ဟိတ်......အသေးလေး လေလံနိုင်လို့ပျော်နေတာလား...အဟင်းးး"
ကားပါကင်နားအရောက် ဩဇာပြည့်ဝတဲ့ ခနဲ့သံကထွက်လို့လာသည်
ဘယ်သူက ဒီနေရာကို ဩဇာသီးလာရောင်းတာလဲ.....,ဪ...ဟိုအဖိုးကြီးကိုးးးး ချီးကိုအသေးလေးလား
BMWကားကို မှီရင်းပြော လာတဲ့ သူ့စကားတေ အမူရာတွေက ပျို့အတွက် အမြင်ကပ်စရာ တစ်ခုထပ်မပို .......
"ဘယ်သူက အသေးလေးလဲ .........အဲ့အသေးလေးက ခင်ဗျားကိုမထနိုင်အောင်ထိfuckလို့ရတယ် ရှင်းလား..."
"ဟားးးးးးစွာလိုက်တာ ..........မင်းပျိုလွင်ရဲ့ ညီလို့မပြောရဘူး.......ကိုယ်က မင်းရဲ့အောင်မြင်မှုကို ဂုဏ်ပြုချင်လို့ပါ"
"မလိုပါဘူး.........ခင်ဗျားအားနေရင်တောင် ပျို မအားဘူး
အလုပ်ရှိသေးတယ်"ပြောချင်ရာပြောပြီး ထွက်သွားတဲ့ အသေးလေးကို ဘာမှပြန်ချေပဖို့ အချိန်မရ.......
မင်းပျိုမာန်သွင် မင်းကစိတ်ဝင်စားစရာပဲ .......ဘယ်အရာတွေကမင်းကို အတင့်ရဲစေတာလဲ ......မဟုတ်ဘူး....သတ္တိ ......သတ္တိရှိစေတာလဲ
"သေမင်း.......ငါ့ကို Royal Star 🌟ဆက်ခံသူ မင်းပျိုမာန်သွင် အကြောင်းစုံစမ်းပေး.....ဝါသနာကအစ ....သွားတတ်တဲ့နေရာအဆုံး..."
"ဟုတ်ကဲ့....အကိုလေး"
...............................................
"ဟေ့...........ပျို မြန်မြန်လာလေ ကိုကို meetingရှိသေးတယ် "
"လာပါပြီဗျာ........ ကိုကို meetingသွားရင် ပျို ဆိုင်သွားလိုက်မယ်လေ ဆိုင်မှာလဲ ဘယ်သူမှမရှိဘူးဆိုတော့.......ပျို သွားလိုက်မယ်လေနော်....."
"ပျို သွားတာကသွားလို့ရတယ် ဒါမဲ့ စားဖိုဆောင်ဘက်ခြေဉီးမလှည့်နဲ့နော် ပထမနှစ်သာ အောင်လာတယ် စာကျက်တာလ့မတွေ့ဘူး စာလေးဘာလေးလဲကျက်ဖို့စဉ်းစားစမ်း"