Uni
ခွန်းနောင်.....ရုတ်တရက် ခေါ်သံကြောင့် ယောင်နစွာ ထူးမိသည်
"အကို......ဒီကို ဘာကိစ္စလဲ"
ခွန်းနောင်တို့ ရပ်ကွက်လေးက အရမ်းမသေးငယ်ပေမယ့်....အကို မင်းပျိုလွင် လာရောက်ဖို့ထိ အကြောင်းရင်းမရှိလောက်သည်မို့ မေးမိလိုက်ခြင်းသာ.....
"အင်း.....ဒီတိုင်းပဲ အလုပ်ကိစ္စ တစ်ခုကြောင့်ပါ...ဒါနဲ့ ခွန်းနောင်ကရော....ဈေးသွားမလို့လား..."
"ဟုတ်.....အိမ်မှာ မေမေနေမကောင်းလို့ ဟင်းကောင်းလေး ချက်ကျွေးချင်လို့...."
"ဟုတ်လား.....အန်တီဆီ ပျိုလေး ရောက်ဖူးပေမယ့် ကိုယ်မရောက်ဖူးသေးဘူးနော်...လိုက်ခဲ့လို့ရမလား"
ပျိုလွင် တကယ်က ဒီရက်ကွက်က ကြေးစားတစ်ယောက်ဆီလာခြင်းသာ.....ပြိုင်ဘက်အုပ်စုက ကွက်ကျော်ရိုက်ကာ ပျိုလွင် တို့ရဲ့ နိုင်ငံခြားပို့မည့် ဆေးတွေကို မ,သွားလို့....ကြေးစားဆီလာကာ...အလုပ်လာအပ်ခြင်းပင်....
ပြိုင်ဘက်အုပ်စုက ရဲဘက်နဲ့ခြေရှုပ်နေလို့....ပျိုလွင် တိုက်ရိုက်လှုပ်ရှားလို့မဖြစ် .....အခန့်မသင့်ရင် ကိုယ့်အုပ်စုပါ ဂျေးအောင်းရလိမ့်မည်
သူ(ရဲ)တို့ကို ကြောက်လို့တော့မဟုတ်.....ဒီကိစ္စ ပျိုသာ သိသွားရင် မီးခိုးကြွက်လျှောက်နဲ့.....အကုန်ပေါ်ကာ.....အမှောင်လုပ်ငန်းတွေက ပျို့ ကိုလာနွယ်နိုင်သည်.....ဒါကြောင့် ရှင်းစရာရှိတာကို ကြေးစားနဲ့ပဲ အပ်တော့သည်
"အကို.....ကျွန်တော်က ဈေးထဲအရင်သွားမှာ....ဝယ်စရာလေးတွေရှိလို့"
"ဟင်.....အင်း သွားလေ....ကိုယ်လိုက်ခဲ့မယ်"
"ဟုတ်.....အကို....ကားကို ဒီမှာပဲထားခဲ့နော်....အိမ်နဲ့လဲသိပ်မဝေးလို့ ဘာမှမဖြစ်ဘူး စိတ်ချ"
"အင်းပါ"
ခွန်းနောင်က ဈေးခြင်းကြီးဆွဲ၍ ရှေ့မှ ခပ်သုတ်သုတ်လျှောက်နေမိသည်...... အိမ်နေရင်းမို့ ပုဆိုးလေးကိုခပ်တိုတိုဝတ်ထားသဖြင့် လမ်းလျှောက်လိုက်တိုင်း ပေါ်လာသည့်.....ခြေသလုံးဝင်းမွတ်မွတ်ကလေးများက လှရက်လွန်းသည်