EP(6)🍂

513 36 0
                                    

Uni

"သခင်လေး......မင်းပျိုမာန်သွင်ရဲ့ အချက်အလက်တွေရပါပြီ..."

ခေါင် ရုံးခန်းတွင် ပရော့ဂျက်အတွက် စီစဉ်နေတုန်း သေမင်း ပြောလိုက်တဲ့ စကားကြောင့် မော့ကြည့်ကာ အချက်ပြတော့.....သေမင်းသစ္စာက အလိုက်တသိ ပင် အချက်အလက်များကိုဖတ်ပြလာသည်

"အမည်-မင်းပျိုမာန်သွင်
အသက်-19
အရပ်-5'9"
မိဘ-မစ္စတာဝမ်ဖေးရန်+မစ္စနန်းပျိုသွင်
ပညာအရည်အချင်းက-second yearတက်ဖို့စောင့်နေသူပါ
ကျောင်းမှာ သူကKing လို့သတ်မှတ်ခံရသူပါ......
ပိုင်ဆိုင်မှု-Royal star ရဲ့ဆက်ခံသူ.... Royal moonဆိုတဲ့ကိတ်မုန့်ဆိုင်နဲ့ဆိုင်ခွဲပါင်းများစွာ......

သူ့အကို မင်းပျိုလွင် ဉီးစီးတဲ့ Starလုပ်ငန်းစုရဲ့ကုမ္ပဏီမှာ ရှယ်ယာ40ရာခိုင်းနှုန်းနဲ့ ဒုတိယရှယ်ယာအများဆုံး

Star လုပ်ငန်းစုရဲ့နောက်ကွယ်က ငွေမဲလုပ်ငန်းကို မင်းပျိုမာန်သွင် လုံးဝမသိပါဘူး....သူ့အကို ကိုယ်တိုင်က အသိမပေးတာပါ........

အမေဖြစ်သူက တရုတ်မှာ Royal moon🌟ဆိုတဲ့ Hotelကိုဉီးစီးလုပ်ကိုင်နေပါတယ် တစ်နှစ်တစ်ခါ မင်းပျိုမာန်သွင်က သူ့အမေရှိတဲ့ တရုတ်ကိုသွားလည်နေကြပါ .....

ဟင်းပွဲထွင်တာနဲ့ ပစ္စည်းစုတာတွေဝါသနာပါပါတယ် .......လေလံပွဲတစ်ချို့ကိုလဲတက်ရတာ သဘောကျတယ်

ဟိုတလောက နိုင်သွားတဲ့မြေကွက်မှာ မိဘမဲ့ဂေဟာတစ်ခုဆောက်ဖို့ စီစဉ်နေတယ်

အခုတလောက Street ဆိုတဲ့ ဘားတစ်ခုကိုသူငယ်ချင်းတစ်ယောက်နဲ့သွားနေပါတတ်ပါတယ်ဗျ"

အမလေးးးးးးမောလိုက်တာ

"တော်တယ်သေမင်း ......တစ်ပတ်အတွင်း အချက်အလက်အားလုံး စုဆောင်းနိုင်တယ် အာ့ကြောင့်မင်းကငါ့လူယုံဖြစ်နေတာ "

ခေါင် ခေါင်းတစ်ငြိမ့်ငြိမ့်ဖြင့် နားထောင်ရင်းကနေပြုံးပြီး သေမင်းသစ္စာ ကိုချီးကျူးလိုက်သည်

"သခင်လေး ......အဲ့ကောင်လေးကို ဘာလို့များ စိတ်ဝင်စားရတာလဲ"

"အဟက်.....သူကစွာတယ် ......အထိမခံဘူး ကတ်ကတ်လန်အောင်ရန်တွေ့တတ်သေး တစ်ခါတစ်လေ လူကြီးဆိုက်ကဖမ်းသေးတယ် တလောကလုံးကြောက်ဒူးတုန်ရတဲ့ ငါ့ကိုများပြောရဲလိုက်တာ အဖိုးကြီးတဲ့ သတ္တိရှိပြီး ပြောရဲဆိုရဲနဲ့ဆိုတော့ ဒီတိုင်းပဲ သဘောကျလို့"

ပျို🍂(ongoing)Where stories live. Discover now