Uni
အေးစက်ပြီးမှောင်မဲတဲ့ မြေအောက်ခန်းမှာ ဉီးသိက္ခာမိုးမြင့်ကို သံကြိုးများဖြင့် တစ်ဖက်ဆီ မြောက်ကာဆွဲ၍ချုပ်ထားသည်
"မင်း မင်း.....ငါ့ကို ဘာလုပ်မလို့လဲ"
ခေါင် အင်္ကျီလက်ရှပ်အဖြူကို လက်ခေါက်တင်လိုက်ပြီး ဓားချွန်အသေးစားကို ယူလာတာမြင်တော့ ဉီးသိက္ခာမိုးမြင့် လန့်ဖျတ်ပြီး ကြောက်အားကြီးစွာမေးတော့သည်
"ခင်ဗျားကို ဆုံးမမလို့လေ......ဘာလဲ ကြောက်လို့လား "
"ခေါင်.....ခေါင်ရယ် ဉီးကလေ သားအဖေ တို့လက်ထက်ထဲက အတူတူအလုပ်တွဲလုပ်နေတာပါ......မင်း မင်း တီလေး မွန်းသရာခေါင်က ဉီးလေး ညီမလိုပါပဲ"
"တော်စမ်း..... ခင်ဗျား ကျွန်တော့ကိုဘာလုပ်ခဲ့လဲ ဟမ်........အဲ့လောက်တောင်သတ္တိကြောင်နေရင် ဘာလို့ စောသရာခေါင် ကိုလာထိပါးသေးလဲ ဟမ်!!"
ဒုန်း
စောသရာခေါင် ဒေါသကြောင့် အနီးနားက ခုံပေါ်ကိုလက်သီးဖြင့် ထိုးချလိုက်သည်
"ငါ ငါတောင်းပန်ပါတယ် .......ငါ့ကိုလွှတ်ပေးပါ"
"sorry......အရမ်းနောက်ကျသွားပြီ ......အင့်"
အားးးးးးးးး
ခေါင် ......ဉိးသိက္ခာမိုးမြင့်ရဲ့ လက်ကောက်ဝတ်နှစ်ဖက်ကို ဓားဖြင့် လှီးချလိုက်တော့ သွေးများက မြင်မကောင်း....သို့ပေမယ့် ခေါင့်အတွက် အနီရောင်များ ဖြာခနဲကျလာခြင်းကလှပသည်
"တောင်း.....တောင်းပန်ပါတယ် မလုပ်ပါနဲ့တော့"
"အဟက်......စောသရာခေါင်ကို ရန်လာစချင်တယ်ပေါ့ .......သေမင်း ...."
ခေါင် ခေါင်းငြိမ့်အချက်ပြတော့ လက်မှာချည်ထားတဲ့ သံကြိုးတွေဖြုတ်လိုက်သည်
"ခင်ဗျားက ခေါင့် ဘဝကို ပျက်စီးစေချင်တယ်ပေါ့ ......... sorry......ဉီးသိက္ခာမိုးမြင့် အဲ့လောက်မလွယ်ဘူး"
ခေါင် အသက်မျှင်းမျှင်းရှူသေးတဲ့ ဉီးသိက္ခာမိုးမြင့် ရဲ့ခေါင်းပေါ်သို့ ဝိုင်များလောင်းချရင်း ပြောလ်ုက်သည်