Uni
လေလံပွဲတွင် နာမည်ကြီးစီးပွားရေး လုပ်ငန်းရှင်ကြီးများအား အများဆုံးတွေ့ရကာ စီးပွားရေးလိုင်းအတိုင်း အုပ်စုဖွဲစကားပြောနေကြသည်
လေလံပွဲဆိုပေမယ့် တချို့လုပ်ငန်းရှင်များရဲ့ လုပ်ငန်းတိုးချဲ့ဖို့အတွက် စနစ်နည်းနာတဲ့ပွဲတစ်ခု ဆိုလဲမမှားပေ
ပျို လေလံပွဲမစသေး၍ အစားအသောက်များကို လောက်ကြည့်ကာ မြည်းကြည့်နေသည်
"အင်း.....ဒီမုန့်က မဆိုးဘူး"
"ဒီ.....မုန့်က....သကြားများတယ် ထွီ..."
မင်းပျိုလွင် မုန့်ပန်းကန်များနဲ့အလုပ်ရှုပ်နေတဲ့ သူ့ညီ ပျို အား ဘာမှမပြောတော့ပဲ
"မင်းတို့ ၆ယောက် ပျို နဲ့နေခဲ့ ......... ပျို တစ်ခုခုဖြစ်ရင်မင်းတို့အသက် ကိုအာမမခံဘူးနော် သိုက် မင်းကငါနဲ့ လိုက်ခဲ့"
မင်းပျိုလွင်...... သိုက် ကိုခေါ်ပြီး ခန်းမ အလယ်က ရန်သူတော်ကြီး Rainbow ကုမ္ပဏီရဲ့ ဆက်ခံသူ စောသရာခေါင် ဆီသို့ထွက်လာခဲ့သည်
"ဟေးးးးးးးးခေါင် နေကောင်းပါတယ်နော် ဘယ်နေ့များ မုန့်ဟင်းခါး စားရမလဲလို့...."
ခေါင် .......Soung Yin ကုမ္ပဏီက မစ္စတာ Yinနဲ့ လုပ်ငန်းတိုးချဲ့ဖို့ဆွေးနွေးနေတုန်း ကျောင်းတော်တုန်းက ရန်စရှိသူ အချစ်တော်ကြီး မင်းပျိုလွင် က ခေါင့် အားရန်စနေခြင်းသာ
"အိုးးး မင်းပျိုပါလား ကိုယ့်အချစ်ဆုံးသူငယ်ချင်းကို အဲ့လိုနှုတ်ဆက်ရလား အရင်လိုရိုင်းနေတုန်းပဲနော် ပါပါး ဆုံးမပေးရမလား"
မင်းပျိုလွင် မျက်နှာသိသိသာသာပျက်သွားသော်လည်း အမြန်ထိန်းလိုက်ကာ လူယုတ်မာအပြုံးဖြင့်
"ဪ......ဖေ့သားကြီးလဲမယဉ်ကျေးသေးပဲကို ဘာလဲ.......ထိန်းပေးမယ့်စော်မရှိလို့လား"
"အဟက်.......စော်ထိန်းပေးမှယဉ်ကျေးတဲ့ကောင်မဟုတ်ဘူး.....နဂိုထဲကကို မယဉ်ကျေးချင်လို့ ရှင်းလား ငါကသူများနှာခေါင်းပေါက်နဲ့အသက်မရှူတတ်ဘူး"
"ကိုကို.......လေလံပွဲ စတော့မယ်....... သွားရအောင်"
မင်းပျိုလွင် နဲ့ ခေါင် မျက်လုံးတိုက်စစ်ဆင်နေတုန်း အနောက်ကထွက်လာတဲ့ အသံကြည်ကြည်အေးအေးလေးကြောင့် အကြည့်ချင်းခွာလိုက်သည်