Uni
ပျို စိတ်ညစ်ညစ်နဲ့ ကားမောင်းပြီး ထွက်ခဲ့သည်
ဘယ်သွားရမလဲဆိုတာ စဉ်းစားလို့မရ၍ Ocean က ကိတ်မုန့်ဆိုင်သို့သာ လာခဲ့လိုက်သည်
အစက Ocean ကိုလာဖို့ စိတ်ကူးမရှိ.....
ပျို ချောကလက်ကိတ်လေးတစ်လုံးနှင့် green teaမှာကာ စောင့်နေလိုက်သည်
ဒီကိတ်ဆိုင်လေးကို ပျို သဘောကျတဲ့အချက်က တိတ်ဆိတ်ပြီး အေးချမ်းသလိုလေးမို့....
"အကိုမှာထားတာ ရပါပြီဗျ"
"အာ .....ညီမ မှားနေတယ်.....ပျို မှာတာ လက်ဖက်စိမ်းကိတ်မပါဘူး.....ချောကလက်တစ်ခုပဲ"
"ဟုတ်ကဲ့.....လက်ဖက်စိမ်းကိတ်ကို ဟိုဘက်ဝိုင်းက အကိုကြီးက ဒီကအကိုတွက်မှာပေးတာပါ"
ကောင်မလေး လက်ညိုးညွှန်ရာကြည့်လိုက်တော့ ပျို ရဲ့မျက်စောင်းထိုးဝိုင်းမှ လူတစ်ယောက်က ထလာကာ....
"ကိုယ်ထိုင်လို့ရမလား..... မင်းပျိုမာန်သွင် "
"တခြားခုံတွေ အားတယ်လေ ဉီးစောသရာခေါင် ......မျက်မှန်အနက်ကြီးတပ်ပြီး ကန်းသွားတာလား"
"ဟက်....."
တချက်ရယ်ပြီး ဝင်ထိုင်လိုက်တဲ့ ခေါင် ကြောင့် ထိုကောင်လေးမှာ မျက်နှာလွှဲသွားသည်
"ဟေ့......မင်းလေးကိုယ့်ကို စိတ်ဆိုးနေတာလား"
"ဟာ့.....ဉီးစောသရာခေါင် ခင်ဗျားက ဟာသပြောတတ်သားပဲ ....ခင်ဗျားနဲ့ ပျို ကဘာအကန့်ရှိလို့ စိတ်ဆိုးစိတ်ကောက်ရမှာလဲ"
မဲ့ပြုံးဖြင့် ပြောလာတဲ့ ထိုကောင်လေးရဲ့ ပါးချိုင့်ရေးရေးလေးကြောင့် ခေါင့် မှာသာ အသက်ရှူမှားနေတာ
"ထားပါ.....မင်းလေးစဝင်လာထဲက ကိုယ်ကြည့်နေတာ အရင်လို လန်းလန်းဆန်းဆန်းလေး မရှိတာနဲ့ စိတ်ကြည်သွားအောင် လက်ဖက်စိမ်းကိတ်လေးမှာပေးတာ"
"ကျေးဇူးပါ.....ပျို လက်မခံပါရစေနဲ့"
"ကိုယ်ကမိတ်ဆွေဖြစ်ချင်လို့ပါ...."
"ပျို ကမိတ်ဆွေမဖြစ်ချင်ဘူး.... Kong လုပ်ငန်းစုက CEOက ကိတ်မုန့်ဆိုင်မှာ ကိတ်စားရင်းစကားပြော ရလောက်အောင် အားနေတယ်ဆိုတာ အံ့ဩစရာပဲ.... အခု ပျို အရမ်းစိတ်ရှုပ်နေလို့ တစ်ယောက်ထဲ နေပါရစေ"