"ဟျောင့်....တည်စေရာမိုင်ဆိုတာငါပဲ...မသေ
မချင်း မင်းခေါင်းထဲစွဲနေအောင်မှတ်သွား..
ကြားလား"ထိုးကြိတ်ထားလို့မျက်နှာဖူးယောင်နေပြီး ပြန်
တောင်လှန်မပြောရဲတော့တဲ့ ခေါင်းတဆပ်
ဆပ်သာငြိမ့်ပြနေတဲ့ယောကျ်ားတစ်ယောက်။မာကြောခက်ထန်တဲ့ မျက်နှာပေး လေးထောင့်
ကျကျမျက်နှာပုံစံနှင့် နှာတံချွန်ချွန် နှုတ်ခမ်း
သားထူထူတို့ဖြင့် မျက်ခုံးမွှေးများမှာကောင်း
လွန်းလို့ထင်းနေလျက် စူးရှတောက်ပတဲ့မျက်
လုံးတွေကစွဲဆောင်မူသိပ်ရှိ၏။အရပ်6ပေ2လက်မရှိပြီး ကျစ်လစ်သန်မာတဲ့
ကြွက်သားတွေနဲ့ဖွဲ့စည်းထားတဲ့ခန္ဓာကိုယ်ဖွဲ့
စည်းပုံ..."ဂျစ်...ဂျစ်"
မီးခြစ်ကို လက်ဖမိုးနဲ့ကွယ်ကာ ခြစ်လိုက်ပြီး
ဆေးလိပ်တစ်လိပ်ကို မီးညှိလိုက်ကာ ဖူးခနဲ့
အငွေ့များအားမှုတ်ထုတ်လိုက်၏။လဲကျနေပြီး ပြန်မထနိင်တော့တဲ့ လူဆယ်
ယောက်ကြား တည်စေရာမိုင်နဲ့အတူဆိုးဖော်
ကောင်းဖက် သူငယ်ချင်းနှစ်ဦးက ရပ်လျက်။ပြီးတော့ သူ့အရှေ့၌ ရပ်နေတဲ့ လူတစ်စု။
လူအရေအတွက်က ပျှမ်းမျှလေးယောက်
လောက်ပဲရှိလေသည်။"မြို့ကနာမည်ကြီးလူဆိုးလေးဇိုး တည်စေရာ
မိုင်ဆိုတဲ့ ဂုဏ်ပုဒ်အတိုင်း မျက်ဝါးထင်ထင်
သက်သေပြလိုက်တာပဲ....ဂုဏ်ပြုပါတယ်..
ချီးကျူးလို့လည်းမဆုံးဘူး""ဖူး!
ဆေးလိပ်ငွေ့တစ်ရှိုက်ကို မှုတ်ထုတ်လိုက်ပြီး
ခပ်စိမ်းစိမ်းကြည့်ကာ..."ဘယ်မှာလဲ ပိုက်ဆံ"
"ပေးရမှာပေါ့...ငါနဲ့ မတည့်တဲ့ရန်ဘက်လူ
တစ်စုကိုရှင်းပေးခဲ့တာနဲ့တင် ပိုပြီးတော့ဂုဏ်
ပြုထိုက်နေပြီ"ထိုလူက လက်နဲ့အချက်ပေးလိုက်သည်နှင့်
ထိုလူရဲ့အနောက်ကတပည့်တစ်ယောက်က
စာအိတ်တစ်အိတ်ထုတ်ပေးလိုက်လေသည်။"ပိုက်ဆံကတော့ ပေးသင့်တာထက်ပိုပေးထား
တယ်...ဒီလောက်တော့လက်ခံတယ်မလား
ပိုက်ဆံဆိုတာ ပိုရလေပိုကြိုက်လေပဲလေha
ha"
YOU ARE READING
The beauty is mine ( အလှလေးကငါ့အပိုင်)[Complete]