ခြံထဲသို့ ဝင်လာတဲ့ အနက်ရောင်ကားတစ်စီး
ရဲ့ရှေ့မီးရောင်ကြောင့် ခြံဝမှာစောင့်နေကြ
သည့်အစောင့်များကပြာပြာသလဲလာဖွင့်ကြ
လေ၏။ကျယ်ဝန်းလှပသည့် ခြံကြီးထဲမှာအစောင့်များ
စွာရှိသလို ဝတ်ဆင်ထားကြသည်များမှာ
လည်းအနက်ရောင်ဝတ်စုံတွေနှင့်ချည်း...အ
စောင့်ဟုဆိုသော်လည်း ဂိုဏ်းသားအများစု
ဖြစ်ဖြစ်ပြီး ကျန်အစောင့်တွေမှာအရင်တည်း
ကလုပ်ကိုင်ကြသည့်လူယုံတော်အလုပ်သမား
တွေပင်ဖြစ်သည်..။တစ်ခုမတူသည်က ခြံထဲမှာစောင့်ကြပ်နေကြ
သည့်ဂိုဏ်းသားတွေရဲ့လက်ထဲမှာသေနတ်တစ်လက်တော့ ရှိစမြဲပင်။မြေအောက်ဒိတ်ဒိတ်ကြဲဂိုဏ်းခေါင်းဆောင်ရဲ့
အိမ်ဟုပြောစရာမလိုအောင် စံအိမ်ကြီးမှာခန့်
ညားကြီးကျယ်သလို ခြံဝန်းကြီးမှာလည်း ပြောစရာမလိုအောင် ကျယ်ဝန်း၍လှပလေ
ပြီး နေရာတိုင်းမှာအစောင့်တွေကိုယ်စီစောင့်
ကြည့်နေကြ၏။ပြိုင်ဘက်ဂိုဏ်းတွေနှင့်မလိုမုန်းထားသူတွေရန်ငြိုးရှိတဲ့သူတွေရဲ့ လုပ်ကြံမူမှ ကာကွယိထား
ခြင်းဖြစ်လေသည်။"အိမ်ရောက်နေပြီမဆင်းဘူးလားမိန်းမ"
"မင်း ငါ့ကိုဘယ်လိုခေါ်လိုက်တာလဲ"
"မိန်းမလို့ခေါ်လိုက်တာလေ...အလှလေးရဲ့"
အနားသို့ မျက်နှာတိုးကပ်လာပြီး မထိတထိ
လေယူလေသိမ်း ခပ်တိုးတိုးဖြင့်ပြောကာ အ
မြင်ကပ်အောင် ရယ်ပြလိုက်သေးလေ၏။သူ့ရဲ့စကားတိုင်းက နိူင်းရဲ့သွေးဆူလွယ်တဲ့မာ
နတွေကိုလှုပ်နိုးပြီး အကြိမ်ကြိမ်ချိုးနှိမ်နေ
လေတော့တာ...ဒါဟာ နိူင်းကိုထိပါးစော်ကား
ပြီးခနဲ့ကာ အနိင်ယူအကျင့်ယုတ်နေတာနဲ့အ
တူတူပင်။သူ့ကိုချစ်ဖို့မပြောနှင့် သူ့အပြုံးတွေကအစနိူင်း
အတွက်မုန်းစရာတစ်ခုလိုပင်။"မင်း!!
တည်စေရာမိုင်ကို ရိုက်ဖို့အတွက်လက်လှမ်း
လိုက်ပေမဲ့ တန်ပြန်ချုပ်နှောင်ခြင်းကိုခံလိုက်ရ
တာမို့ နိူင်းပို၍ဒေါသထွက်မိကာ ချုပ်ထား
သည့်လက်ကိုရုမ်းကန်ရင်း ရုတ်ရင်းဆန်ခတ်
ဖြစ်နေလေတော့သည်။
أنت تقرأ
The beauty is mine ( အလှလေးကငါ့အပိုင်)[Complete]