ဝိုင်းစက်လုံးဝန်းတဲ့မျက်ဝန်းလဲ့လဲ့တွေက
အရည်ကြည်တွေ ဝဲခိုရစ်သီ၍ မျက်တောင်လေးများကပုတ်ခတ်ပုတ်ခတ်...။ဒါကဘာနဲ့တူလဲဆိုရင် နှင်းမှုန်ဖွားဖွားတွေရဲ့
ဖြူဖွေးဖွေး စုတ်ချက်တွေကြားမှာ ပထမဆုံး
ကျလာတဲ့နှင်းတွေကိုမြင်လိုက်ရတဲ့အချစ်ကို
တောင့်တမျှော်လင့်မိနေပါတဲ့ လူသားလေးတစ်ဦးပမာ။မင်းသိလား....ပထမဆုံးနှင်းကျတာကိုတွေ့ကြုံလိုက်ရရင် ဆုတောင်းပြည့်တယ်တဲ့လေ။
ဆုတောင်းပြည့်ရမယ်ဆိုရင် မင်းငါ့ကိုနောက်
ဘဝတွေထိချစ်သွားပါစေ...။"မင်းကငါ့ကိုချစ်တယ်တဲ့လား"
ဟု နိူင်းကအသံလေးတုန်တုန်ယင်ယင်ဖြင့်မျက်တောင်မခတ်တမ်း သူ့ကိုစိုက်ကြည့်၍
မေးရှာလာသည်။အတွေးတွေဖြန့်ကျန့်လျက် ဧကန္တသူများငါ့ကိုပိုမုန်းသွားလေသလား။
"ငါမင်းကိုအရမ်းချစ်တယ်...သေချာမှပြောချင်ခဲ့တဲ့ စကားတစ်ခွန်းပါ...မင်းငါ့ကိုမုန်းနေဦးမယ်ဆိုပေမဲ့"
ပြောနေရင်း သက်ပြင်းတစ်ချက်ကခပ်ဖွဖွ...။
"အင်း...မုန်းတယ်...သိပ်မုန်းတယ်"
တွေ့လား....ဟူးးးကံကြမ္မာက တည်စေရာမိုင်
ဆိုတဲ့ကျွန်တော်ကို ဆုတောင်းခွင့်လည်းမပေး...ပထမဆုံးတောင်းမိတဲ့ဆုတောင်းလေး
တောင်ပြည့်ရှာအောင် မဖြည့်စွမ်းပေးနိင်ဘူး။ဘယ်လောက်ရက်စက်လိုက်လဲ...။
ဒါပေါ့....သူလိုလူက လူမသိအောင်လက်ထပ်
ထားတာနဲ့ပိုင်သွားပြီလို့ တန်းလာညှိလို့ရမယ်
ထင်လို့လား။ညိုးနွမ်းဖျော့တော့တော့ မျက်ဝန်းတွေဖြင့်
သိမ်ငယ်သွားလေတဲ့မျက်ဝန်းတွေဖြင့် သူနား
လည်တယ်ဆိုတဲ့ အကြည့်ဖြင့်သာ ပြန်စိုက်ကြည့်လာလေသည်။သူကပြောလိုက်သေး...သူသိပြီးသားပါတဲ့လေ။
ပျော်မြူးပြုံးရွှင်နေကြတဲ့ ကစားကွင်းကိုလာ
ရောက်သူတွေရဲ့ကြား မျက်နှာချင်းဆိုင်ရပ်၍
သက်ပြင်းတချချ စိတ်ပျက်အားငယ်နေရှာတဲ့ကမ္ဘာအသည်းကွဲနိင်ဆုံးလူသား။
BẠN ĐANG ĐỌC
The beauty is mine ( အလှလေးကငါ့အပိုင်)[Complete]