Chapter...41

39.8K 2.1K 105
                                    

တစိမ့်စိမ့်ကြည့်ရှုရင်း ရင်ခွင်ထဲက ချစ်ရသူခေါင်းလေးကိုငုံ့
နမ်းကာ မေးရိုးများတင်းမာသွားလေတဲ့ တည်စေရာမိုင်။

ရွှေမင်းသားလေးရဲ့မာနတွေကို နင်းချေပြမည်ဟုကြိမ်းဝါးကာ
ငြင်းဆန်နေခဲ့တဲ့ ဒီလောကထဲဝင်ရောက်လာခဲ့ပြီး အနားမှာ
ကလန့်ကဆန့်အပြုအမူတွေနဲ့ နေပေးခဲ့ရင်းမှ မသိမသာချစ်မိ
သွားပြန်လေတော့ သူ့သည်သာ ဘဝတစ်ခုဖြစ်ခဲ့၏။

ချစ်ရသူနဲ့ တစ်သက်လုံးအတူနေဖို့အတွက်တော့ အရင်းအနှီး
ကြီးတစ်ခုကို တာဝန်ယူလုပ်ဆောင်ဖို့လိုအပ်လာပြီမဟုတ်
လား။

နိုင်းကိုတော့ ဖွင့်ပြောဖို့စိတ်ကူးမရှိချေ။ သူ့ကိုဘယ်ချိန်ဘယ်
ရာသီတွေပဲ ဖြစ်နေပါစေ စောင့်နေလိမ့်မည်ဟုယုံကြည့်လို့ပါ
ပင်။

အချိန်ရာသီတွေပြောင်းလဲသွားရင်တောင် အမြဲချစ်နေပေး
လိမ့်မယ်လို့ ကိုယ် ယုံကြည်လို့ရမယ်မဟုတ်လား အချစ်။

"အမေ့!"

မနက် စောစော ထုံးစံအတိုင်း စံအိမ်ကလူတွေမရိပ်မိအောင်
ကို အိပ်ရာကထသွားသည့်နှင့် အခုရက်ပိုင်း အနမ်းနဲ့နှုတ်
ဆက်ရင်း ညတစ်ညထပ်ရောက်လာဖို့ကို ချွေးသိပ့်ရပြန်လေ
၏။

မနက်ပိုင်းတွင်တော့ တယောက်နဲ့တယောက်မျက်နှာလေးကို
အဝေးကလှမ်းမြင်ရပေမဲ့ မျက်စပစ်၍ အထာပေးကာအပြန်အ
လှန်ပြုံးပြစမြဲ။

ကိုက ခပ်တည်တည်နဲ့ နှုတ်ခမ်းလေးတွန့်ရုံသာပြုံးပေမဲ့ နိုင်း
ရင်ထဲမှာတော့ လိပ်ပြာလေးကလူကျီစယ်သလို ရှပ်ပြာသလဲ
ဖြစ်သွားရတာအခါခါ။

ခိုးစားရတဲ့အသီးက ပိုချိုတယ်ပြောကြသည်က အမှန်ပင်ဖြစ်
လိမ့်မည်။ ရင်တဖိုဖိုနှင့် သူခိုးလူမိသွားမှာစိုးရပေမဲ့ အဲ့ဒီခံ
စားချက်လေးက ခံစားလို့သိပ်ကောင်းသလို ရင်ခုန်ဖို့ကောင်း
လွန်းလေ၏။

သို့ပေမဲ့......

ဘယ်တော့မှ နေ့ဘက်တွေမှာ ယောင်လို့တောင်နိုင်း
ရဲ့အသားကို လူရှေ့တွင်ထိတွေ့ဖို့မပြောနှင့် အခန်းထဲတောင်
ခြေဦးလှည့်လေ့မရှိလေတဲ့ ကိုက ဘယ်လိုကနေဘယ်လိုအ
ခန်းထဲ ဝင်ရောက်ကာ အနောက်ကနေ နိုင်းရဲ့ခါးသိမ့်လေး
ကို ရင်ခွင်ထဲဆွဲသိမ်း၍ ပါးမို့မို့တွေကို တမက်တမောနမ်းရိုက်
နေပြန်လေတော့ နိုင်းအံ့သြမိတာအမှန်။

The beauty is mine  ( အလှလေးကငါ့အပိုင်)[Complete] Where stories live. Discover now