ပိုးဖဲမွေ့ရာပေါ် ကျုံကျုံလေးထိုင်လျက် ရွှန်းလဲ့သောမျက်လုံး
လေးများက ပုတ်ခတ်ပုတ်ခတ်နှင့် သန္တာရောင်နှုတ်ခမ်းပါး
တွေက အိစက်တုန်ယင်လျက် တနည်းတဖုံမြူစွယ်နေဟန်။မြင်လိုက်ရတဲ့အလှပဂေးလေးက ရင်ခုန်မူကို မိုင်ကုန်တိုးမြှင့်
ရလောက်အောင် တည်စေရာမိုင်ကို အစွမ်းကုန်ပေးစွမ်းနေ
လေသည်။နှုတ်ခမ်းလေးကိုခပ်စူစူ လုပ်ကာ အပါးသား တီရှပ်အကျီအ
ဖြူလေးကို ဝင်းမွတ်အိစက်လေတဲ့ မက်မွန်သီးလေးနှစ်လုံး
အနား ရစ်သီကာ မခိုတရို့အမူအရာဖြင့်စွဲဆောင်နေပါ၏။ငေးခနဲ့ ဖြစ်သွားကာ ပါးစပ်အဟောင်းသားဖြစ်သွားရသည့်
စိတ်ကို ပြန်ထိန်းရင်း ဘာလဲဆိုသည့် အကြည့်ဖြင့် နိုင်းကို
မေးငေါ့ပြလေသည်။"ဟွန့်...ဒီကိုလာ"
"ဒါက ကို့အတွက်ပေါ့"
ဘေးသို့လာခိုင်းသည့်ဟန်ပန်လေးဖြင့် ကိုယ်လုံးသိမ်လေးကို
ခပ်နွဲ့နွဲ့လေးလှုပ်ရှားကာ လက်ကလေးဖြင့် ကုတင်ပေါ်သို့
ပုတ်ကာပုတ်ကာ ခေါ်လေသည်။အလှလေးဘာတွေများကြံစည်နေပါလိမ့်!
သို့ပေမဲ့ မိမိအတွက် အထူးတလှယ်ပြင်ဆင်ပေးထားသည့်
ပုံစံလေးကိုမြင်ရပြန်တော့ စိတ်ထဲကြည်နူးရင်းအချစ်ပိုမိလေ
သည်မှာအမှန်ပင်။နိုင်းနဲ့ကျမှ ရင်ခုန်နှုန်းတွေမြင့်တတ်လာခဲ့ရသလို တခါမှမ
ဖြစ်ဖူးလေသည့်အချစ်မျိုးကိုကြုံတွေ့လာရကာ သူလေးကို
ပိုင်ဆိုင်ချင်သည်၊ အနားမှာထား၍ချစ်ချင်မိသည်၊သူလေးငို
တာမျိုးမပြောနှင့် ဝမ်းနည်းစိတ်လေးတောင် မခံစားစေချင်၊ကိုယ့်အတွက်ကြောင့်ပဲ ပြုံးပျော်စေချင်ပြီး အမြဲအေးချမ်းနေ
စေချင်သည်။ထိုအတွက်ကြောင့်လည်း ဒီလောကနှင့်ပတ်သက်မိတဲ့မိမိ
ကော ဒီလောကနှင့် မွေးရာပါဆက်နွယ်မိတဲ့ အမျိုးသားလေး
ကိုပါ အေးငြိမ်းတဲ့ဘဝသစ်လေးဆီ ထွက်ခွာသွားဖို့ သူ့အနေနဲ့
အစွမ်းကုန် ကြိုးစားအားထုတ်နေခြင်းသာ။ယောက်ျားပီသတဲ့ မျက်ဝန်းအကြည့်တွေဖြင့် ငြိုငင်တဲ့ နှုတ်
ခမ်းညိုကြီးတွေဖြင့် ပြုံးကာ ရီဝေစွာကြည့်၍ အနားသို့သွား
ကာ ဆွေ့ခနဲ့ကောက်ပွေ့ပလိုက်လေသည်။
VOCÊ ESTÁ LENDO
The beauty is mine ( အလှလေးကငါ့အပိုင်)[Complete]