တည့်မတ်စွာချိန်ထားသည့် သေနတ်ပြောင်း
ဝက တည်စေရာမိုင်ရဲ့ရှေ့တည့်တည့်တွင်မင်းမူနေပါ၏။တုန်လှုပ်ကြောက်ရွံခြင်းအလျဥ်းရှိဖို့ဝေးဆွ
ဂရုပင်မစိုက်တဲ့ ဥပေက္ခာပြုထားတဲ့ မျက်နှာ
အရိပ်အယောင်နောက်နား၌ ကပ်ပါးကောင်
တစ်ခုလို တည်ငြိမ်တဲ့မျက်ဝန်းတွေက ဖြစ်
တည်နေ၏။ထိုအချိန်၌ အခန်းတစ်ခုလုံးက လေဟာနယ်
တစ်ခုကိုရောက်သွားသလို ငြိမ်ကျသွား၍ လူးဝစ်ရဲ့ လက်လှုပ်ရှားမူကိုသာအာရုံစိုက်မိ
နေကြလေသည်။သို့ပေမဲ့....
တည်စေရာမိုင်ရဲ့ သေမင်းခံတွင်းဝကိုရောက်
ရှိနေသည့် ချောက်ကမ်းပါးထက်ကလူတစ်
ယောက်ရဲ့ အေးဆေးငြိမ်သက်လှတဲ့အပြုအ
မူတွေကြောင့် သြချမိလောက်တဲ့အထိ။ဒန်နီယယ်နဲ့ဂျိတ်ကတော့ အသံအောင့်ပြီးတံ
ထွေးမြိုချမိသည့်အကြိမ်ကအခါခါ....။"အဆင်မပြေတာရှိလို့လား....လူကြီးမင်း"
အသံတုန်ခါမူမရှိပဲ လေးနက်ထိရှတဲ့အသံအ
သွားအလာနဲ့အတူ လူးဝစ်ကိုစိုက်ကြည့်ပြီး
နှုတ်ခမ်းလှုပ်ရုံမျှပြောလိုက်သည့် တည်စေရာမိုင်...။"အဟက်....ရူးနေတဲ့ကောင်ပဲ"
တည်စေရာမိုင်ကို ချိန်ထားသည့်သေနတ်ကို
ပြန်ရုတ်လိုက်ပြီး...."ဒိုင်း!"
အခန်းတွင်း သေနတ်သံကကျယ်လောင်စွာ
ဟိန်းထွက်သွားလေသည်။"Sorry....ဦးတည်ပြီးသားကျည်ဆန်ကို အသုံးပြုလိုက်ရမှ ကျေနပ်လို့"
အပေါ်သို့ မော့၍ ပစ်လိုက်တဲ့ သေနတ်သံက
အခန်းထဲရှိ ကြားရတဲ့သူတိုင်းကို ခန္ဓာကိုယ်
သိမ့်ခနဲ့ဖြစ်သွားစေပြီး ရင်တုန်သွားစေကာ
မျက်စီမျက်နှာပျက်၍ လှုတ်လှုတ်သဲသဲဖြစ်
သွားကြလေ၏။သို့ပေမဲ့....တည်စေရာမိုင် မပါချေ။
မွေးရာပါ သတ္တိကိုအရည်ကျိုသောက်လာတဲ့
သူတစ်ယောက်မို့ သေနတ်အချိန်ခံထားရပြီး
ကြောက်အောင်ခြောက်ပြတာမျိုးက ကလေး
ကလားသိပ်ဆန်လွန်းတယ်မလား...။
YOU ARE READING
The beauty is mine ( အလှလေးကငါ့အပိုင်)[Complete]