သေးသွယ်တဲ့ခါးကျဥ်းသေးသေးလေးက
ဖက်တွယ်ချင်လေသော လက်တွေကိုတနည်းတနည်းတဖုံ ဆွဲဆောင်နေလေသည်။ရင်ခွင်ထဲမြုပ်သွားမတတ် ကိုယ်လုံးလေးရဲ့
နူးညံ့ပျော့ပျောင်းမူတွေက ဖယောင်းရုပ်လေးလို ချစ်ရသူမျက်ဝန်းထဲ၌နေရာအပြည့်
ယူလို့ထား၏။သေချာတယ်...သူလေးကသိပ်ကိုဆွဲဆောင်ညို့ငင်နိင်တဲ့ မာနခဲနတ်ဘုရားလေး။
သိပ်ကိုအသန့်အပြန်ကြိုက်လွန်းသူလေး၊ရွှေပေါ်မြတင်ဘဝနဲ့ ဘယ်သူတစ်ဦးမှအထိမခံပဲ ဝါဂွမ်းလေးလိုနုဖတ်ဖတ်အသားအရည်လေးနဲ့ ဦးမော့၍ ခစားရလေတဲ့မာနမင်းသား
လေးကသူ့ရင်ခွင်ထဲ ကိုယ်လုံးလေးကိုမှီ၍
နှုတ်ခမ်းပါးလေးတွေတုန်ဆင်းသွားလေအောင်ပြုံးရယ်နေပါ၏။"ဘယ်တုန်းကဝါသနာပါသွားလဲ...ကိုတောင်မသိလိုက်ဘူး"
"မင်းကနေဒါကိုသွားနေတဲ့ အချိန်တုန်းကစိတ်ကူးပေါက်ရာလုပ်မိရင်းပေါ့၊မင်းကိုလွမ်း
လေ အလှဆုံးပုံဖော်မိလေပဲ"အရှေ့ကနေ နှုတ်ခမ်းလေးတလှုပ်လှုပ်နှင့်စကားပြောရင်း လက်သွယ်လေးတွေက ရွှံတုံးတစ်ခုအပေါ်အလှဆုံးပုံဖော်နေမူကိုကြည့်
ပြီးအနောက်ကနေ ခါးသွယ်လေးကိုဖက်ကာ
မရမကမထိတထိလိုက်စနေတဲ့ တည်စေရာမိုင်။အခုလိုညဘက်ခိုးတွေ့ရတဲ့အချိန်လေးက ချစ်သူနှစ်ယောက်အတွက် ချိုမြိန်တဲ့သကြား
ခဲလေးကိုစားသုံးရသလိုပါပဲ။ချမ်းသာလွန်းပြီးမာနခေါက်ခိုက်တဲ့ရွှေမင်းသားလေးရဲ့ အခန်းကကျယ်ဝန်းလွန်းသ
တာကြောင့် ဝါသနာပါရာ ရွှံစေးပုံဖော်တဲ့အရာအတွက် သက်သက်အခန်းငယ်လေးတစ်ခုထားရှိထား၏။အထူးအဆန်းမဖြစ်မိပေမဲ့ အနည်းငယ်မှင်သက်မိလေတဲ့ မျက်နှာချောချောက အပြုံးလေးတစ်ခုက ကန်ရေပြင်မှာဖြတ်ပြေးသွားတဲ့လရောင်ငယ်လေးလို။
အခုတော့ သေးသွယ်တဲ့ခါးလေးကိုအနောက်ကထိုင်ရင်းဖက်တွယ်ကာ ဂုတ်ပိုးလေးကိုနမ်းလိုက် ၊အသဲယားလို့ဆိုပြီး နှုတ်ခမ်းလေးကို
ဆွဲဆွဲနမ်းရှိုက်တာကြောင့် နှုတ်ခမ်းပါးလေးတွေဆို တည်စေရာမိုင်ရဲ့ရန်ရှာမူကြောင့်ပူထူလို့ ဆူထော်နေလေ၏။
YOU ARE READING
The beauty is mine ( အလှလေးကငါ့အပိုင်)[Complete]