"ကျစ်"
စုတ်တစ်ချက် သက်လိုက်ပြီး ခံပြင်းဒေါသထွက်ရမူကထောင်း
ခနဲ့ တချိန်တည်းမှာကောက်ချက်ချလိုက်မိသည်က...။အချစ်က သိပ်ဆိုးလိုက်တာ ကွာ။
"ဘာလို့ ခိုးလိုက်လာတာလဲ...ကို့ စကားကို အရေးကိုမစိုက်
တဲ့သဘောလား"ဟု ခပ်ကျိတ်ကျိတ် အသံဖြင့် မေးရိုးများ ထောင်းခနဲ့တင်းမာ
လျက် ရဲတင်းရီဝေတဲ့ အကြည့်တွေဖြင့် စိုက်ကြည့်ကာ မေး
လိုက်လေ၏။ဘေးက တပည့်ဂိုဏ်းသားတွေ ရိပ်မိပြီး ကြားသွားမှာကို
လည်း စိုးရိမ်မိတာကြောင့် ဘေးဘက်သို့အကဲခတ်ကာ ကြီး
မားကျယ်ပြန့်တဲ့ ခန္ဓာကိုယ်ဖြင့် ထိုကိုယ်လုံးလေးကို ကာထား
လိုက်လေသည်။သူ့မှာလည်း အံ့သြမူက တစ်ပုံတစ်ပင်ပါ။ မျက်ဝန်းတောက်
တောက်လေးတွေကို မြင်လိုက်ရတုန်းကဆို ထူပူသွားမိတယ်
ဆိုတာ ကိုယ်သာလျှင်အသိဆုံး။ပြသနာတွေတတ်လို့ မီးခိုးကြွက်လျှောက်ဖြစ်ပါက နိုင်းကို
သူတရားဝင်ပိုင်ဆိုင်ဖို့ကြံစည်ထားသမျှက ရေအိုင်ထဲကဝဲက
ယက်ငယ်လို့ ပလုံသွားမည်သာ။သူလေးကကော မရိပ်စားမိပေဘူးလား။ဒီဟာလေးကလေ
သူ့ ရဲ့အမျိုးသားလေးလို့ မပြောရလေအောင် သိပ်ကိုသတ္တိရှိ
နေတာ။"ဟင့်..ဘာလဲလို့"
ကြည့် ဒီကဖြင့် ဆူဖို့အရိပ်အယောင်မပြရဲ..strongပါတယ်
ဆိုတဲ့ သူလေးက ကိုယ့်အရှေ့မှာတော့ ကာကွယ်ပေးရမဲ့သူ
လို ယုန်သူငယ်လေးအလား။နိုင်းရဲ့လက်ကို ခပ်တင်းတင်းဆွဲကိုင်ကာ တစ်ဖက်ကလည်း
ကိုယ်လုံးလေးကို လှုပ်ခါရုံမျှ ပုခုံးကိုကိုင်၍ ပြောလိုက်၏။"အချစ် ပြန်တော့...ကို လိုက်ပို့ပေးမယ်"
"ဘာလို့ အတင်းဆွဲနေတာလဲ...မပြန်ဘူး"
"ဘာ!! ဘာပြောတယ်!"
"မကြားဘူးလား...မပြန်ဘူးလို့"
ဆုံးဖြတ်ချက်ပြတ်သားရဲတင်းစွာ ပြောလာတဲ့ ကျွန်တော်အ
ချစ်ရဲ့စကားတွေက နောက်ဆုတ်ဖွယ်ရာမရှိ။ မျက်ဝန်းအ
ကြည့်တွေက သူ့ကိုမျက်လုံးချင်းဆုံပြီး မဆိုင်းမတွ စူးရဲနင့်
လှစွာ။
YOU ARE READING
The beauty is mine ( အလှလေးကငါ့အပိုင်)[Complete]