ရုတ်ချည်း သတိလက်လွှတ်ဖြစ်သွားမိတဲ့အ
ခိုက်အတန့် ထိုအချိန်တစ်ခု တစ်ခဏလေးကို
လက်လွှတ်စပယ် ဂရုမမူစဥ်မှာပင် လျင်မြန်
သော အရှိန်ဖြင့် တည်စေရာမိုင်ရဲ့လက်ထဲ..
တနည်းအားဖြင့် တည်စေရာမိုင်ရဲ့ရင်ခွင်ထဲ
သို့ အရုပ်လေးတစ်ရုပ်လို စွေ့ခနဲ ပါသွားရ
လေသည်။ပထမဆုံး ထိတွေ့သောအနမ်းတစ်ခု မည်သူ
ဘယ်သူကိုမှ သူ့ခွင့်ပြုချက်မပါပဲ သူ့အသား
ကိုတောင် ကိုင်တွယ်တာမျိုး ထိမိတာကို
တောင် မကြိုက်လှ သည့် မာနကို ထိပ်မှာပန်
ဆင်ထားသည့် ကောင်လေးတစ်ယောက်ရဲ့
နူးညံ့အိစက်နေတဲ့ နှုတ်ခမ်းစိုရဲရဲ ထက်က
အရိုင်းဆန်စွာ စုပ်ယူနမ်းရှိုက်နေတဲ့ အနမ်း
တွေကြောင့် မျက်လုံးလေးများ အတန်ငယ်
ဝိုင်းစက်၍ မှင်တတ်သွားရ၏။သူကိုထိတွေ့နိင်ဖို့ဝေးဆွ...နမ်းရှိုက်သည်ဆို
သည့် အနေအထားက အရမ်းကိုမမျှော်မှန်းရဲ
သလောက်ပင်မဟုတ်လား။ထိုကဲ့သို့....စက္ကန့်အနည်းငယ်မျှ နိူင်းအတွက်
မှင်တတ် ဆွံအသွားတာမှန်ပေမဲ့ တစ်ပြိုက်
နက် တည်စေရာမိုင်ရဲ့ ထွေးပွေ့ထားပြီး အ
ကြမ်းပတမ်း နမ်းရှိုက်နေမူအောက်က အတင်းရုမ်းကန် တွန်းတိုက်ပြီး အားကုန်ဖယ်
ခွာလိုက်၏။"ခွပ်!!!
"တော်တော်မိုက်ရိုင်းတဲ့ကောင်...မင်းကိုငါမုန်း
တယ်"နှုတ်ခမ်းစောင်းဘက်က ခပ်စိုစိုသွေးစလေးကို
ဂရုမမူသလို ခပ်ရဲ့ရဲ့အပြုံးကို ပန်ဆင်ကာ ညာလက်ဖမိုးနှင့် သုတ်ပစ်လိုက်ပြီး ခပ်တည်
တည်မျက်နှာနဲ့ တည်စေရာမိုင်။မင်းဘယ်လောက်ပြောပြော...စောက်ဂရုမစိုက်ဘူးဆိုသည့်သဘော....ငါလုပ်တဲ့အပြုအမူ
ကို ငါသိပ်ပြီးကျေနပ်တယ်။အစကတော့ ဒီလောက်ထိ တုန့်ပြန်ဖို့စိတ်မ
ကူးပေမဲ့ သူ့အသားနာရင် တစ်စက်မှ သည်းမ
ခံတတ်တဲ့ တည်စေရာမိုင်အတွက်တော့ မီးစ
ကိုလောင်စာ ထပ်ထည့်ပေးလိုက်သလို နိူင်း
တုမဟာရဲ့ မချေမငံ့ မောက်မာမူတွေကြောင့်
သာ ပိုဆိုးကုန်၏။လုပ်မိသည့်အပြစ်အတွက် တောင်းပန်ဖို့ဝေးစွ
သူ့အပေါ်ကိုတောင် အဆင့်အတန်းမတူလို့
စကားပြောရမှာတောင် ရွံရှာသလို ဆက်ဆံ
တာကိုတော့ ဘယ်လိုမှသည်းမခံနိင်ချေ။
![](https://img.wattpad.com/cover/306246713-288-k448877.jpg)
YOU ARE READING
The beauty is mine ( အလှလေးကငါ့အပိုင်)[Complete]