မျက်နှာချင်းဆိုင် ဆုံမိနေပါရဲ့နဲ့ မျက်လုံးချင်း
တောင်ဆုံကြည့်ဖို့ ရင်မဆိုင်ခဲ့တဲ့ လူယုတ်မာ
ကို နိူင်း နာနာကျင်ကျင်နဲ့ ဒေါသထွက်ရ၏။ညကတောင် နိူင်းကိုအသေဖက်တွယ်ထားပြီး
မလွှတ်စတမ်းပြုမူဆက်ဆံခဲ့သည့်သူက မ
နက်မိုးအလင်းမှာပင် ကွယ်ပျောက်သွားတဲ့
နှင်းစက်တွေလို ခပ်စိမ်းစိမ်းမျက်ဝန်းအကြည့်
တွေနဲ့ထပ်မံအကြည့်ခံရပြီး ဘာမှမသက်ဆိုင်
မဆက်နွယ်တဲ့သူလို သဘောထားဆက်ဆံပစ်
လိုက်တာက ရင်အနာဆုံးပင်။အနည်းဆုံး နိူင်းကို ဂရုပြုမိတဲ့ဟန်ပန်ကိုတော့
ပြဖို့တော့ကောင်းပါရဲ့ ။အခုတော့.....
တောက်! မင်းကိုငါမုန်းလိုက်တာ....
ငါ့မာနကို ချိုးနှိမ့်သွားရလို့ သိပ်ပျော်နေမှာပေါ့
တည်စေရာမိုင်...ငါ့ရဲ့ပထမဆုံးကိုယူငင်သွား
ရလို့သိပ်ပြီးသဘောခွေ့နေမှာပေါ့..မင်းရဲ့ဆက်ဆံတဲ့အပြုအမူတိုင်းက မုန်းချင်စရာသိပ်
ကိုကောင်းနေတယ်ဆိုတာကောမင်းသိလား။မုန်းတယ်....သိပ်ကိုမုန်းတယ်...နာနာကျင်ကျင်နဲ့ကိုမုန်းတယ်...။
"နိူင်း....အစားအစာကို ဘယ်လိုတွေလုပ်နေ
တာလဲ....မစားချင်ရင်ထသွားတော့"မေမေက နိူင်းရဲ့ စိတ်တိုတိုနဲ့ မနက်စာကိုထိုး
ဆွနေတာကို မြင်ပြီး ပြောလေ၏။မနက်စာလည်းမြိုကျဖို့ပင်မရှိတာမို့ နိူင်း ထိုင်
နေရာမှထကာ ထမင်းစားခန်းက ထွက်လာ
ကာဧည့်ခန်းထဲအရောက်မှာတော့ အစ်မလတ်
နဲ့စကားရပ်ပြောနေတဲ့ တည်စေရာမိုင် ကိုတွေ့
လိုက်ရ၏။သူနဲ့မလှမ်းမကမ်းအကွာအဝေးမှာရောက်နေ
ပေမဲ့ အစ်မလတ်ကိုပဲ ရွှင်မြူးတတ်ကြွစွာ
ရယ်မော၍စကားတွေပြောနေကာ မျက်ဝန်း
အကြည့်တွေကလည်း အစ်မလတ်ဆီမှာပင်။ဘာတွေများ ရယ်စရာပါနေလို့ဒီလောက်အူ
မြူးနေကြတာလဲ...အစ်မလတ်ကဘာလို့သူ့ကိုမှအရေးပေးစကားပြောနေရတာ သူ့အဆင့်
နဲ့ကိုယ့်အဆင့်လုံးဝကို ယှဥ်ရပ်စကားပြောဖို့
တောင်မသင့်ဘူး..။
YOU ARE READING
The beauty is mine ( အလှလေးကငါ့အပိုင်)[Complete]