"ကလေး...မျက်နှာလည်းမရွှင်လန်းပါလား
ဘာတွေစိတ်တိုင်းမကျဖြစ်နေလို့လဲ"ကျောင်းပိတ်ရက် အပြင်သို့ကလေးနဲ့ထွက်
လည်ရန် စီစဥ်ထားသည့်အတိုင်း ကားနဲ့ထွက်
လာခဲ့ပေမဲ့ အရင်ကလို ခပ်မြူးမြူးမျက်နှာ
လေးကပျောက်ကွက်လုနီးပါး။နှုတ်ခမ်းလေးဆူ၍ မျက်ဝန်းရိပ်တွေက တစ်
စုံတစ်ရာကို စိတ်အလိုမကျဖြစ်နေသည့်ဟန်
ပြသနေ၏။သေချာသည်က အိမ်ကထွက်လာခါစက က
လေးမုန်းနေပါသည့် ဟိုကောင်နဲ့ စိတ်အခန့်မ
သင့်ဖြစ်ခဲ့ရလို့ပဲလား။ဒါမှမဟုတ်....
ရှင်းရှင်းလင်းလင်းပြောပြရရင် သူကိုယ်တိုင်
လည်းအဲ့ကောင် ကလေးရဲ့အိမ်ကိုရောက်နေ
တာကိုလုံးဝမကြိုက်လှ။ အစတည်းက က
လေးနဲ့တွေ့တိုင်း ပြသနာဖြစ်ရပြီး ကလေးရဲ့
မာနကိုထိပါးစော်ကားနေတဲ့ အခြေအမြစ်မ
ရှိတဲ့လူ၊ တစ်နည်းပြောရရင် ကလေးနဲ့လား
လားမှမအပ်စပ်နိင်တဲ့ သူ့စိတ်ထဲလည်းအမြင်မကြည်လေတဲ့ သူနဲ့တစ်အိမ်တည်း
ကိုကိုက ဘယ်စိတ်ချနိင်မလဲကလေးရာ။ခရီးထွက်နေသည့်အချိန်တိုလေးအတွင်းမှာ
ဘာတွေဖြစ်ပျက်သွားလဲ မသိခဲ့ပေမဲ့ အခုချိန်
မှာကလေးနဲ့အဲ့ကောင်ကို ခပ်ဝေးဝေးပဲနေခိုင်းချင်မိသည်။ခက်သည်က....ယောက္ခထီးကြီးဦးမဟာကိုယ်တိုင်က အလုပ်တာဝန်ပေးထားသည်တဲ့။
အဟက်...ဘာတဲ့၊ ကလေးကိုအနီးကပ်စောင့်
ရှောက်ပေးမဲ့ BodyGuard။"ကလေးကို ကိုကိုမေးချင်တယ်"
"........."
တုန့်ပြန်မေးလာမည့်စကားကို ကလေးက
လက်သင့်ခံသည့်ဟန်ဖြင့် သူ့ဘက်သို့ခေါင်း
လေးစောင်းပြီးငဲ့ကြည့်၏။"ခုနကတစ်ယောက်ကို ကလေးဘယ်လိုမြင်
မိလဲ""ကိုကိုပြောချင်တဲ့စကားရဲ့ သက်ရောက်မူက
ဘယ်လိုမျိုးလဲ...နိူင်းကသူ့ကိုဘယ်လိုမြင်ရ
ဦးမလဲ...ဘယ်လိုမှမမြင်မိဘူး...ဘယ်လိုမှ
လည်း မရိပ်စားမိဘူး""ဒါဆို....ကလေးကသူ့ကို အရင်ကလိုမုန်းမြဲ
ပဲမလား""အင်း....မုန်းသေးတယ်"
YOU ARE READING
The beauty is mine ( အလှလေးကငါ့အပိုင်)[Complete]