ဧည့်ခန်းဆိုဖာပေါ်၌ အငြိမ့်သားခြေချိတ်ထိုင်
၍ သုန်မှုန်နေသောမျက်နှာအမူ စိတ်အလိုမ
ကျမူတွေပေါ်လွင်နေသည့် နိူင်း...။ဒီအချိန်ဆိုရင် သင်းပျံနေအောင်မွှေးတဲ့ပန်းအ
ဆီထည့်ထားသောရေနဲ့ရေချိုးပြီး အကောင်း
စားညဝတ်အင်္ကျီကိုဝတ်ကာ နူးညံအိစက်
လွန်းတဲ့ကုတင်ပေါ်မှာ ဇိမ်ကျကျလှဲလျောင်း
နေလေပြီ။ဖြူနုသန့်ရှင်းတာမှကြိုက်တတ်သည့်နိူင်းရဲ့ခြေဖမိုးလေးတွေကအစ သွေးနုရောင်သန်း
လျက် နမ်းရှိုက်၍ပစ်မှားချင်စရာ...။"ကျစ်!! မလာသေးဘူးလား...ဖေဖေလုပ်နေ
တဲ့ပုံကမဟုတ်သေးဘူးနော်"စိတ်မရှည်တော့သည့်နိူင်းက ဒီထက်ပိုပြီးမ
စောင့်နိင်လေတော့...ဘယ်နှယ့် ဖေဖေကသူ
စိမ်းတစ်ယောက်ကိုခေါ်လာမည့်ကိစ္စက အခု
လိုအရေးကြီးခွင်ကျယ် စောင့်ခိုင်းနေစရာ
လား။"သားနိူင်းရယ်.....သားဖေဖေကအကြောင်းကိ
စ္စရှိလို့စောင့်ခိုင်းတာနေမှာပါ..""ဟုတ်ပါတယ်မောင်လေးရယ်...မမတို့ခဏ
ထပ်စောင့်ကြတာပေါ့"မေမေရဲ့ ပြောစကားကို မမတို့ကဝင်ထောက်
ခံပေးလေ၏။ နိူင်း စိတ်ထဲဘဝင်မကျစွာဖြစ်
လာမိ၏။ဒီလောက်အကြာကြီးစောင့်နေရတာ
ဖေဖေခေါ်လာမည့်လူက ဘယ်လောက်တောင်
ကြီးမြတ်နေလို့လဲ။မေမေနဲ့မမတို့ကိုပါ ဧည့်ခန်းမှာစောင့်ခိုင်းတဲ့
အထိ ကြီးကျယ်မြင့်မြတ်နေတဲ့သူမို့လို့လား...တောက်!စိတ်တိုလိုက်တာ....
ထိုင်နေရာမှ နိူင်းရုတ်တရက်ထထိုင်လိုက်ပြီး
ဒေါသထွက်နေတဲ့မျက်ဝန်းတွေဖြင့်စူးစိုက်
ကြည့်ကာ အောက်နှုတ်ခမ်းသားကိုလည်းခပ်
တင်းတင်းဖိကိုက်လိုက်ပြီး..."မရတော့ဘူး.....နိူင်းဘယ်လိုမှသည်းမခံနိင်
တော့ဘူး....နိူင်းထက်ဘယ်လိုလူကအရေးကြီးနေလို့စောင့်ခိုင်းရတာလဲ..""သားနိူင်း....ဘာတွေဒေါသဖြစ်နေပြန်ပြီလဲ"
ထိုစဥ်.....ဧည့်ခန်းထဲသို့ဖေဖေဝင်လာလေ၏။
ကြည့်ရတာ နိူင်းစိတ်မရှည်တော့၍ ပြောသည့်
စကားများကိုကြားသွားခဲ့သည့်ထင်ပြီးမေးခြင်းပင်။
YOU ARE READING
The beauty is mine ( အလှလေးကငါ့အပိုင်)[Complete]