Chapter...43

44.6K 2.2K 126
                                    

လက်ထဲရောက်လာတဲ့ အနှီးထုပ်ဖြူဖြူလေးထဲ ခြေထောက်
လေးတွေရုမ်းကန်ရင်း နို့ဆာနေတဲ့သားလေးက လက်သီး
လေးတွေဆုပ်ကာ သူ့ရင်ခွင်ထဲ မျက်လုံးလေးများပြူးကျယ်
ဝိုင်းစက်လျက်။

လက်မောင်းဖွေးဖွေးဥဥကြီးတွေက မုန်လာဥဖြူဖြူကြီးတွေ
လိုတုတ်ခိုင်သန်မာလျက် အဖေတူသားလို့ အထွေအထူးခေါ်
နေစရာမလို ချွတ်စွတ်ကိုတူလွန်းလှစွာ။

အင်း....သေချာသည်က နိုင်းက သူ့ကိုသိပ်ကိုချစ်တာပါပဲ။

"ဘာလို့ လိုက်လာရတာလဲ၊ ဒီနေရာကိုကောဘယ်လိုသိတာ
လဲ၊ ကို ပြန်လာမယ်လို့ ပြောခဲ့တယ်မဟုတ်လား"

လေသံမပြင်းမရှ ခပ်ပါးပါးလေးမှာတင် တရဆတ်မေးခွန်း
တွေထပ်စွာ မေးမိလိုက်၏။ တကယ်တော့ ကိုယ့်မှာသူ့ကို
ရုတ်တရက်မြင်လိုက်ရတော့ ဘယ်လောက်ထူပူသွားလိုက်ရ
လဲ...ကျစ်။

"ငါလည်း မင်းကိုပြောခဲ့တယ် မင်းနဲ့ဘယ်လိုဖြစ်ဖြစ်နေနိင်ပါ
တယ်လို့"

"ပြန်တော့"

ပြတ်သားထိရှတဲ့ သြရှရှအသံက နှလုံးသားကိုရိုက်ခတ်မူပြင်း
ထန်လွန်း၏။ မျက်ဝန်းလဲ့လဲ့တွေရဲ့ အရောင်တွေကတောက်
ပစူးရှသွားကာ ငိုမိနေပြီဖြစ်တဲ့မျက်ရည်တွေကြား နိုင်းရဲ့ရှိရင်း
စွဲမာနတရားကို ထိပါးလိုက်သလိုပင်။

"မယူဘူး...လာမပေးနဲ့"

လက်ထဲသို့ အနှီးထုတ်ဖြူဖြူလေးကိုပြန်လာထည့်တဲ့ မှိုင်း
ကြောင့် အနောက်သို့ နှစ်လှမ်းစာမျှ ဆုတ်လိုက်ပြီး ခေါင်းတ
ခါခါဖြင့် လက်ကလေးနှစ်ဖက်ကိုရင်ဘတ်သို့ယှက်၍ ပိုက်
ထားလိုက်၏။

သူ့ကလေးပဲ သူ့ဘာသာယူထားပါတော့လား။

အလွမ်းတောင်သယ်လို့မဝ၊ တဖန်ချစ်ရည်မဝရသေးခင် နှင်
နေစရာလား။ ပြီးတော့ ကိုက....

"သားလေးကိုခေါ်ပြီးအိမ်ပြန်တော့ ၊ ဒီကိစ္စတွေပြီးသွားရင်
သားလေးနဲ့အချစ်ကိုပြန်လာခေါ်မယ်"

!လူပါးလာမဝနဲ့!

"ဘာ...အချစ်"

"မင်းကိုပြောတာ၊ လူပါးလာမဝနဲ့လို့..မင်းမကြားဘူးလား"

The beauty is mine  ( အလှလေးကငါ့အပိုင်)[Complete] Where stories live. Discover now