"ဂျောက်"
အသာအယာ ဘယ်သူမှမရိပ်မိအောင်တွန်း
ဖွင့်လိုက်ပြီး လျင်မြန်သွက်လက်တဲ့အရှိန်ဖြင့်
အခန်းထဲသို့ လှစ်ခနဲ့မြန်ဆန်စွာဝင်လိုက်လေ
၏။အချိန်ကား....ည11နာရီအချိန်မို့ စံအိမ်ကြီးအ
တွင်း၌ တချို့နေရာတွေကမီးရောင်မှိတ်တုတ်
မှိတ်တုတ်အလင်းရောင်အချို့နှင့် အများစုက
မီးမှိတ်အိပ်နေကြသည့်မို့ မှောင်မဲနေလေသည်
။အစေခံတွေကများပြားတာမို့စံအိမ်အောက်ထပ်တွင်အခန်းပေါင်းများစွာရှိလေပြီး ညနက်
ချိန်ဆိုအကုန်အိပ်ပျော်နေကြသည်မို့ တိတ်
ဆိတ်ငြိမ်သက်မူကလွှမ်းမိုးနေပါ၏။ဒီအချိန်ကိုအခွင့်ကောင်းစောင့်နေတဲ့တည်စေ
ရာမိုင်အတွက် လက်မလွှတ်သင့်ပေတာမို့ တံ
ခါးကိုတွန်းဖွင့်၍ အခန်းထဲက ကုတင်ပေါ်
ကြည့်လိုက်လေတော့ အခန်းတံခါးဝဘက်ကို
ကျောပေး၍ လှဲအိပ်နေသည့်အလှလေး။အလှလေးရဲ့ ကိုယ်လုံးသွယ်လေးကိုကြည့်၍
သဘောကျစွာပြုံးလိုက်ကာ လေအလျင်လို
လျင်မြန်လှစွာဖြင့် ကုတင်ပေါ်တတ်လိုက်ပြီး
အလှလေးကိုအနောက်ကဝင်လှဲကာ သေး
သွယ်ကျစ်လျစ်လှတဲ့ ခန္ဓာကိုယ်ကောက်
ကြောင်းဆီရာသို့လက်လှမ်းလိုက်ပြီး ဇိုးဇက်
နိင်လွန်းစွာ ဆွဲယူပွေ့ဖက်သိမ်းကျုံး၍ ရင်ခွင်
ထဲဆွဲသွင်းလိုက်လေ၏။"ဘာလုပ်တာလဲ လွှတ်...လူယုတ်မာ"
"ငါပြောထားတယ်မလား...ညဘက်ဘယ်သူမှ
မသိအောင်ခိုးဝင်လာပါမယ်ဆိုတာ...ဟမ်..မေ့
နေတာမလား"တွန့်ခနဲ့ဖြစ်သွားတဲ့ ကိုယ်လုံးလေးရဲ့နောက်
ဆက်တွဲအနေနဲ့ သူလေးကအတင်းရုန်းကန်သ
လိုအနောက်ကနေ ဖက်တွယ်ထားတဲ့လက်ကို
လည်းမရမကဖြုတ်ချ၍ အတင်းအော်နေလေ
၏။"သိပ်မအော်နဲ့...လူတွေနိုးလာပြီးမင်းနဲ့ငါနဲ့
လူမသိသူမသိညားနေကြတာကိုတွေ့သွားစေ
ချင်တာလား""အဲ့ဒါဆိုမင်းငါ့ကိုဖက်ထားတာ ဖယ်ပေးလိုက်
လေ...မင်းလုပ်သမျှကိုငြိမ်ခံနေမယ်ထင်နေလို့
လား"နိူင်းက အသံကိုဖိ၍ အနောက်ကသူ့ကိုလည်
ပြန်ခေါင်းစောင်း၍ပြောလိုက်လေ၏။
YOU ARE READING
The beauty is mine ( အလှလေးကငါ့အပိုင်)[Complete]