[ 20 ]

3.3K 515 10
                                    

Unicode

လိန်ရှင်းအဆောက်အဦးအပြင်ဘက်တွင် ဝမ်ကျားနင် မတ်တတ်ရပ်ရင်း လုကျင်းလန်ကို စောင့်နေချိန်မှာ လမ်းမျက်နှာချင်းဆိုင်မှလူတစ်ယောက် သူ့ကို တိတ်တိတ်လေး ဓာတ်ပုံခိုးရိုက်နေကြောင်း သတိထားမိလိုက်သည်။ သူ ခေါ့ရှင်ဟန်ဖြစ်လာပြီးကတည်းက တခြားသူတွေဆီမှာ သတိထားမခံရ၊ တကောက်ကောက်အလိုက်မခံရသောဘဝကို နေသားကျလာခဲ့ပြီး ယခုတော့ လမ်းပေါ်မှာရပ်လျှင် ဓာတ်ပုံရိုက်ခံရသည့်ဘဝမျိုးကို တစ်ဖန်ချဉ်းနင်းလာပြန်ပြီ။

သူ လုကျင်းလန်ဆီ ဖုန်းခေါ်ကာ အဆောက်အဦးသို့လျှောက်သွားရင်း မြေအောက်ကားပါကင်သို့ တန်းလာခဲ့ဖို့ ပြောလိုက်၏။ မဟုတ်လျှင် လူစိတ်ဝင်စားခံရပြီး ဓာတ်ပုံရိုက်ခံရနိုင်သည်လေ။

သူ လုကျင်းလန်၏ကားထဲဝင်ထိုင်ချိန်မှာ ထိုသူက မေးသည်။

"မင်း ဘာစားချင်လဲ"

ဝမ်ကျားနင် : "ကျွန်တော် ဘာမှမစားချင်ဘူး၊ အိမ်ပဲ ပြန်ချင်တယ်"

လုကျင်းလန်က မထိန်းနိုင်တော့သလို ရယ်ချလိုက်ပြီး ဘရိတ်အုပ်သည် :

"မင်း ကိုယ့်ကို တက္ကစီဒရိုင်ဘာလို့များ ထင်နေလား"

မနေ့ညအဖြစ်အပျက်ပြီးကတည်းက ဝမ်ကျားနင် မျက်နှာဖုံးဆွဲချွတ်လိုက်သလိုမျိုး လုကျင်းလန်က ခံစားရ၏။ သူ့ရှေ့မှာ အခြေခံယဉ်ကျေးမှုတွေ ဟန်ဆောင်ပြနေစရာမလိုတော့။

ဝမ်ကျားနင်က လုကျင်းလန်ကို တစ်ချက်ကြည့်လိုက်ပြီး

"ယာဉ်စီးခက ဘယ်လောက်လဲ"

လုကျင်းလန်က ပြုံးသည်။

"မင်း မတတ်နိုင်မှာစိုးရတယ်"

ထိုစကားကြားချိန်မှာ ဝမ်ကျားနင် အိမ်ပြန်ချင်သည်ဟု ထပ်မပြောဖြစ်တော့ပေ။

လုကျင်းလန်က ကားမောင်းနေရင်း မေးလာ၏။

"မင်း စိတ်အခြေအနေမကောင်းဘူးလား"

ဝမ်ကျားနင်က ခေါင်းကို လက်တစ်ဖက်ထောက်ထားရင်း ဘာမှမပြော။

လုကျင်းလန် : "မင်း ရိနန်နဲ့ ရန်ဖြစ်တယ်ဆို?"

ဝမ်ကျားနင် သာမန်ကာလျှံကာပြောလိုက်သည်။

ပြီးပြည့်စုံခြင်း || ဘာသာပြန် [COMPLETED]Hikayelerin yaşadığı yer. Şimdi keşfedin