အပိုင္​း-၂

15.3K 1K 2
                                    

unicode

"ရန်​မဖြစ်​နဲ့လား ညီမ​လေးရယ်​"

'​အေး'တစ်​​ယောက်​ ညီမဖြစ်​သူ၏မျက်​နှာ​ပေါ်မှ ဒဏ်​ရာများကို ကြပ်​ထုပ်​ထိုး​ပေး​နေသည်​။​

"ဟာ..ညီမ​လေးလည်းရန်​ဖြစ်​ချင်​ပါ့မလား?အခုဟာက အဲ့​ကောင်​​တွေဘက်​က သပ်​သပ်​ကြောလို့ ရန်​ဖြစ်​ရတာ..အ့..ဖြည်းဖြည်း
လုပ်​ပါ..​​'အေး'ရာ..ဇွတ်​ထိုး​နေတာဘဲ"

"​သြ..ရန်​ဖြစ်​တုန်းက​တော့ မနာဘူး​ပေါ့"

သူ​ပြောလိုက်​​တော့ ညီမဖြစ်​သူက မျက်​နှာ​လေးရှုံ့ကာ နှုတ်​ခမ်း​လေး
ဆူသွားသည်​။ဆံပင်​ဂုတ်​ဝဲ​လေးကို ထိပ်​တွင်​ကြက်​​တောင်​စီး​လေး
စည်းထား​သော ညီမ​လေးသည်​ မိန်းမလုံးဝဆန်​မ​နေပါ။​သို့​ပေမဲ့ချစ်​ဖို့​တော့အလွန်​​ကောင်းသည်​။​

"ညီမ​လေးတို့ဘက်​ကကြက်​က နိုင်​​တော့မလို့ဟာကို အဲ့ဘက်​​ကောင်​​တွေက သူတို့ကြက်​ကိုပြန်​ဆွဲယူသွားတာ..အ့..ဖြည်းဖြည်း"

"ကျွတ်​ ကျွတ်​ ကျွတ်​!"

"ဒီပွဲနိုင်​ရင်​ အချီကြီးရမှာ..ဒီပွဲသာနိုင်​ရင်​ ခါချဉ်​က ညီမ​လေးကို
ပိုက်​ဆံတစ်​ဝက်​​ပေးမယ်​တဲ့ "

"ဘယ်​​လောက်​​တောင်​​လောင်းထားလို့လဲ?"

သူ​မေး​တော့ ညီမ​လေးက သူ့ဘက်​ကိုမရဲတရဲ​လေးကြည့်ပြီးသွား
ဖြဲပြ​နေသည်​။

"ဟို...​လောင်း​ကြေးက၅​သောင်းပါ"

"ဘယ်​လို!၅သောင်း!"

'​အေး'မျက်​လုံး​တွေပြူးကျယ်​သွား​တော့ ညီမ​လေးလည်း လန့်သွား
ရှာသည်​။

"ဟုတ်​..ဟို.."

"ဘာ​တွေလိုအပ်​လို့ အဲ့​လောက်​​တောင်​​လောင်းရတာလဲ နှိုင်းမမှီ!
ငါ​ရှာ​ကျွေးတာကိုဘဲ ငြိမ်​ငြိမ်​​လေးထိုင်​စား​နေလို့မရဘူးလား?ငါ​
​ပေးတာ​တွေကမလုံ​လောက်​လို့လား?"

"ဟို..မဟုတ်​.ပါဘူး..​'အေး'ပင်​ပန်း​နေတာကို..မကြည့်ရက်​လို့ပါ..
'​အေး'တစ်​​ယောက်​တည်း.ရုန်းကန်​​နေရလို့..ညီမ​လေးက တစ်​ဖက်​တစ်​လှမ်းက​နေ ပိုက်​ဆံရှာ.."

မောင့်​ရင်​​အေး​စေချင်​...(completed)Where stories live. Discover now