unicode
"ဒေါ်လေးစော!ဒေါ်လေးစော..!"
"ဟေ!ဘယ်သူလဲ?!"
အိမ်ထဲမှထွက်ကာ ကြည့်လိုက်တော့ လက်ထဲမှာချိုင့်လေးကိုင်ကာရပ်နေတဲ့ မြူခိုးဝေ။
"သြော်..မြူပါလား?လာလေ သမီး"
ဒေါ်ခင်စော မြူ့ကိုအိမ်အောက်ကုတင်တွင် ထိုင်ခိုင်းစေလိုက်သည်။
"မလာစဖူး အလာထူး ဘာကိစ္စရှိလို့လဲသမီး?"
အိမ်ကိုတစ်ခါမှအလည်မလာဘူးတဲ့ မြူ့ကြောင့်ဒေါ်ခင်စောမေးလိုက်သည်။မြူနဲ့မိုးထက်ကငယ်သူငယ်ချင်းဆိုပေမယ့် အိမ်ကိုတော့ အဝင်အထွက်သိပ်မရှိကြ။
မြူချိုင့်လေးကိုကုတင်ပေါ်တင်လိုက်ကာ...
"ဒီမှာ ဧည့်သည်တွေအတွက် ဟင်းလာပို့တာ..မြူကိုယ်တိုင်ချက်
ထားတာနော်""အားနာစရာကြီး သမီးရယ်..."
"ရပါတယ် ဒေါ်လေးရဲ့..ဒါနဲ့ ဧည့်သည်တွေရော?"
မြူ အိမ်ထဲကိုတစ်ချက်ငဲ့ကြည့်ကာ ပြောတော့ဒေါ်လေးစောကပြုံးကာ...
"ဧည့်သည်တွေက ကန်ကိုရေချိုးသွားတယ်ကွဲ့..ဒေါ်လေးတို့ျ႐ာက သဘာဝအလှအပကိုခံစားချင်လို့ဆိုတာဘဲ"
"ကောင်းတာပေါ့ ဒေါ်လေးရဲ့ ဒါမှသမီးတို့ရွာဘယ်လောက်လှကြောင်းသူတို့သိကြမှာ"
"ဟုတ်တာပေါ့ကွယ်"
"စကားတော့ကောင်းတယ် ဒေါ်လေးရေ..သမီးပြန်လိုက်ဦးမယ်နော်"
"အေးအေး ကောင်းကောင်းပြန်နော် သမီး"
ဒေါ်လေးစောကိုနှုတ်ဆက်ပြီး မြူခြံထဲမှထွက်လာစဉ် ခြံထဲဝင်လာတဲ့ နှိုင်းမမှီနဲ့တွေ့လေသည်။
"နှိုင်းမမှီ"
"ဘာလဲ?"
ထူးပုံကကိုမာရေကြောရေနဲ့။မြူမျက်နှာမဲ့သွားလေသည်။အဲ့ဒါကြောင့်မိုးထက်ကကြည့်မရတာဖြစ်မယ်။

YOU ARE READING
မောင့်ရင်အေးစေချင်...(completed)
Romance🌺သူများတွေက အသက်ရှူမှားလောက်အောင်လှတယ်တဲ့ 'အေး'ကတော့ အသက်ရှူမရလောက်အောင် လှတယ် 'အေး'ရယ်🌺 🌺သူများတွေက အသက်ရှူမှားလောက်အောင်လှတယ်တဲ့ 'အေး'ကတော့ အသက်ရှူမရလောက်အောင် လှတယ် 'အေး'ရယ်🌺