unicode
"ခင်များ ကျွန်တော့်ကိုရှောင်နေတာလား?"
"အမ် မရှောင်ပါဘူး"
ဘာကြောင့်မှန်းမသိ ခါချဉ်တစ်ယောက် ရှိုင်းကသူ့ကိုရှောင်နေသလိုခံစားနေရသည်။အခါတိုင်းဆို ထန်းရည်ဆိုင်သွားလည်း
သူ့ကိုခေါ်သည်။ရေချိုးသွားလည်းအတူတူဖြစ်သည်။ပြီးတော့
အချိန်တိုင်းလိုလို သူ့နောက်စနောက်နေတတ်သေးသည်။အခုများ
တော့ သူမဟုတ်သည့်အတိုင်းပင်။မခေါ်ချင်သလိုလိုမပြောချင်သလိုလို။ဒါကိုဘဲ ခါချဉ်ခံပြင်းနေမိသည်။"မလိမ်နဲ့ ခင်များကျွန်တော့်ကိုရှောင်နေတာ ကျွန်တော်သိတယ်"
"မရှောင်ပါဘူးဆိုနေကွာ"
ကြာတော့ ရှိုင်းစိတ်ပျက်လာလေသည်။
"လိမ်ရင်မြွေပွေးကိုက်!"
"အေး ကိုက်ကွာ!"
"ရုပ်ဆိုးနဲ့ညား!"
"အေး ညားကွာ!"
"နောင်ဘ၀ကြဒီထက်အရပ်ပု!"
"အေး..ဟာ..အဲ့ဒါတော့မရဘူး!"
ဒီကတစ်ခါတော့ရှိုင်းပြာပြာသလဲငြင်းလေသည်။
"ဘာလို့လဲ?"
"ဒီဘဝမှာတောင်အရပ်မထွက်တာကို နောင်ဘဝအထိပုပေးရဦးမှာလား?"
ဟုတ်တယ်.ဘယ်ဘဝကအကျိုးဆက်ကြောင့် ဒီဘဝမှာကျိန်စာလာ
သင့်နေတဲ့အရပ်ကို သူကထပ်ပုခိုင်းချင်သေးတယ်။"ခင်များအရပ်ဘယ်လောက်လဲ?"
"၅ပေ၆"
"ခွီး..ေ-ာက်ဂျပုဘဲ!"
"ဘာ!မင်း..မင်း!"
"ဘာလဲ အမှန်တရားကိုပြောတော့နာသွားတာလား?"
"မင်းရှည်တိုင်းလာမပြောနဲ့!"
"ဒီမှာ ယောကျာင်္းဆိုတာ အနည်းဆုံးတော့ ၅ပေ၇ ၅ပေ၈လောက်
ရှိရတယ်..ဒါမှဆွဲဆောင်မှူရှိတာဗျ...ကျွန်တော်ဆို ၅ပေ၉ နောက်နှစ်ဆို၆ပေပြည့်တော့မှာ..ဟင်းဟင်း!"

YOU ARE READING
မောင့်ရင်အေးစေချင်...(completed)
Romance🌺သူများတွေက အသက်ရှူမှားလောက်အောင်လှတယ်တဲ့ 'အေး'ကတော့ အသက်ရှူမရလောက်အောင် လှတယ် 'အေး'ရယ်🌺 🌺သူများတွေက အသက်ရှူမှားလောက်အောင်လှတယ်တဲ့ 'အေး'ကတော့ အသက်ရှူမရလောက်အောင် လှတယ် 'အေး'ရယ်🌺