unicode
"နှိုင်းမရ"
"ဟင်?မိုးထက်"
ရုတ်တရက် အိမ်ပေါ်သို့ရောက်လာတဲ့မိုးထက်။
မိုးထက်ဆိုတဲ့အသံကြားတာနဲ့ အခန်းထဲမှ နှိုင်းမမှီရဲ့မျက်လုံးများ
ဆတ်ခနဲပွင့်သွားသည်။"မင်းမြို့ကိုသွားပြီမဟုတ်ဘူးလား?"
"ငါတို့အေးဆေးစကားပြောရအောင် နှိုင်းမရ"
"ဟင်?..မိုးထက် မင်းဘာလုပ်တာလဲ?!"
ရုတ်တရက် သူ့ရှေ့ကိုဒူးနှစ်ဖက်ထောက်ကာထိုင်ချလိုက်တဲ့မိုးထက်ကြောင့် အေး အယောင်ယောင်အမှားမှားဖြင့် ငုတ်တုတ်
ပြန်ထိုင်လိုက်သည်။"ငါပြောတာ အေးဆေးနားထောင်ပေးပါ နှိုင်းမရ..ပြီးရင် နင်ငါ့ကို
ကြိုက်သလိုလုပ်လို့ရတယ်""မိုးထက်!ခင်ဗျား ဘာတွေလာပြောနေတာလဲ?!ကိုကြီး.သူပြောတာ
ဘာမှနားမထောင်နဲ့!"ရုတ်တရက် အခန်းထဲမှ ယိုင်နှဲနှဲထွက်လာတဲ့နှိုင်းမမှီကြောင့်
အေး အလျင်အမြန်သွားတွဲရသေးသည်။"ငါပြောမှဖြစ်မယ် နှိုင်းမမှီ ငါဒီစကားပြောချင်လွန်းလို့လာခဲ့တာ"
"မပြောနဲ့.ခင်ဗျားပြန်တော့ မိုးထက်!"
"နေပါဦး..မိုးထက်ကဘာပြောမှာမလို့ ညီမလေးကတားနေရတာလဲ?"
"ဘာမှမဟုတ်ဘူး ကိုကြီး သူပြောတာဘာမှမယုံနဲ့!"
"ငါနှိုင်းမမှီကိုလက်ထပ်ချင်တယ်"
"..."
ရှုပ်ထွေးနေတဲ့အခြေနေမှာ မိုးထက်အသံဟာ ရှင်းလင်းစွာထွက်ပေါ်လျက်။အေးက မိုးထက်စကားကိုနားမလည်စွာ ညီမဖြစ်သူကို
တစ်လှည့် မိုးထက်ကိုတစ်လှည့်ကြည့်ကာ..."ဘာလို့လက်ထပ်ချင်ရတာလဲ?မိုးထက်"
"...."
"မဟုတ်မှ..မင်းနဲ့ညီမလေးကချစ်သူတွေဖြစ်နေကြတာလား?"

YOU ARE READING
မောင့်ရင်အေးစေချင်...(completed)
Roman d'amour🌺သူများတွေက အသက်ရှူမှားလောက်အောင်လှတယ်တဲ့ 'အေး'ကတော့ အသက်ရှူမရလောက်အောင် လှတယ် 'အေး'ရယ်🌺 🌺သူများတွေက အသက်ရှူမှားလောက်အောင်လှတယ်တဲ့ 'အေး'ကတော့ အသက်ရှူမရလောက်အောင် လှတယ် 'အေး'ရယ်🌺