unicode
🎶🎶🎶
မလွန်ဆန်နိုင် နုလုံးသားထဲရစ်နှောင်တွယ်
ပတ်လို့ဖြင့်ထားသော်လည်း
အတွေးခက်တဲ့ သံယောဇဉ်
ငယ်ရွယ်သူ ဖြစ်တော့လည်း
ချစ်တာဘဲ ဦးစားပေးသိနေတယ်
အတွေးခက်တဲ့ ဇာတ်လမ်းမှာ....ကြားလူတွေဖြတ်လို့တော့ နောက်မဆုတ်ဘူး
စမိတဲ့ အချစ်တွေကို ရုတ်သိမ်းဖို့မတောင်းဆိုနဲ့
ငါ့အသိထဲ မင်းတစ်ယောက်ဘဲ ငဲ့ညှာမယ်
ဒို့နှစ်ယောက်ရဲ့ နိဗ္ဗာန်လေး
ဖျတ်သိမ်းဖို့မတောင်းဆိုနဲ့ ဘာတစ်ခုမှဂရုမစိုက်နိုင်🎶🎶🎶
နေ့လည်ခင်းအချိန် ရေဒီယိုမှလာသော သီးချင်းသံသည် တစ်အိမ်
လုံးပျံ့နှံ့လျက်ရှိသည်။ ကုဋေနှင့်မိုးထက်အိမ်ရှေ့အပင်ကြီးအောက်တွင် ထိုင်နေကြသည်။မိုးတစ်သုတ်ရွာထားသော်လည်း
ပူအိုက်နေတုန်းပင်။ထို့ကြောင့် မနေနိုင်၍အိမ်ရှေ့ထွက်ထိုင်နေခြင်း
ဖြစ်သည်။အရိပ်ရသောအပင်ကြီးတွေရှိသောကြောင့် လေနုအေးအေးက တိုက်ခတ်သည်။"ကုဋေ "
"ဟင်"
"..."
"ဘာလဲ မိုးထက်?ပြောစရာရှိလို့လား?"
သူ့ကိုခေါ်ပြီး ဘာမှမပြောတဲ့မိုးထက်အား ကုဋေမေးလိုက်သည်။
"ငါ...သူငယ်ချင်းတစ်ယောက်အနေနဲ့မင်းကိုသတိပေးစရာရှိတယ်"
"....."
မိုးထက်ပြောမယ့်စကားကို ကုဋေ ရိပ်မိသည်။အဲ့လောက်စကားပလ္လင်ခံနေရင် သူပြောမယ့်အကြောင်းအရာဆိုတာ...
"မင်း နှိုင်းမရနဲ့သိပ်အရောမဝင်ပါနဲ့လား?မဟုတ်ဘူး စကားကိုပြော
မနေနဲ့ကွာ""ဘာလို့လဲ?"
"အစကတည်းက ပတ်ဝန်းကျင်ကသူ့ကိုဆို ပြောဆိုအပြစ်တင်နေကြတာလေတော်ကြာ မင်းပါရောပြီးပြောခံနေရရင် မင်းဘဲသိက္ခာကျမှာ"
YOU ARE READING
မောင့်ရင်အေးစေချင်...(completed)