unicode
"မောင်တို့နောက်လထဲကျောင်းတွေပြန်ဖွင့်တော့မယ်"
"ဟင်?"
"မောင်မင်းနဲ့မခွဲချင်သေးဘူးကွာ"
မောင့်ခေါင်းလေးက သူ့ပုခုံးလေးပေါ်မှီကျလာသည်။သူလည်းအ
လိုက်သင့်ပွေ့ဖက်ကာ မောင့်ခေါင်းပေါ်မှဆံပင်လေးတွေကို
ဖွဖွလေးပွတ်သပ်ပေးလိုက်သည်။"ပညာရေးကြောင့်ဘဲမောင်ရယ် ငါလည်းမောင်နဲ့ခွဲချင်ပါ့မလား?"
"မောင်နဲ့လိုက်ခဲ့ပါလားဟင်?မောင်ပြန်ရင်"
"ဟင့်အင်း မဖြစ်နိုင်ဘူးမောင်ရယ်"
"မဖြစ်နိုင်တာမရှိပါဘူးကွာ နှိုင်းမမှီကိုလည်း ကျောင်းထားပေးမယ်
အေးကိုလည်းမောင်စောင့်ရှောက်ပေး...""ဘယ်လို"
အေးအသံကခုနကလိုမဟုတ်ဘဲ အေးစက်သွားသောကြောင့်
ကုဋေရင်ခွင်ထဲမှထွက်ကာ အေးကိုပြန်ကြည့်လိုက်မိသည်။"ငါက ကိုယ့်ညီမတစ်ယောက်လုံးကိုတောင် ကျောင်းမထားပေးနိုင်
တဲ့အဆင့်လား မောင်?""မဟုတ်ဘူး မောင်ပြောချင်တာက..."
"ငယ်ငယ်ကတည်းက ညီမလေးကိုငါ့လက်ငါ့ခြေနဲ့ကျွေးမွေးစောင့်
ရှောက်ခဲ့ပေးခဲ့တာ မောင် သူများထားပေးမှနေရမည့်အခြေနေမဟုတ်ဘူး ပြီးတော့ ငါကယောကျာင်္းလေးတစ်ယောက်ဆိုတာ
မောင်မေ့နေတာလား?""မဟုတ်ပါဘူးကွာ..မောင်က.."
"မောင်ကငါ့ကို မိန်းကလေးလိုသတ်မှတ်ပြီး ချစ်ခဲ့တာလားဟင်?"
မျက်ဝန်းထဲမှအရည်ကြည်လေးတွေကိုမြင်လိုက်ရတော့ ကုဋေ့ရင်
ထဲထိတ်ခနဲ။သူပြောချင်တာကအဲ့လိုအဓိပ္ပါယ်မဟုတ်။အေးကိုမခွဲနိုင်လို့သာ ခေါ်ခြင်းဖြစ်သည်။
ဒူးပေါ်တင်ထားတဲ့ လက်ကလေးနှစ်ဖက်ကို ကမန်းကတမ်းဆုပ်ကိုင်လိုက်ရင်း...
YOU ARE READING
မောင့်ရင်အေးစေချင်...(completed)
Romance🌺သူများတွေက အသက်ရှူမှားလောက်အောင်လှတယ်တဲ့ 'အေး'ကတော့ အသက်ရှူမရလောက်အောင် လှတယ် 'အေး'ရယ်🌺 🌺သူများတွေက အသက်ရှူမှားလောက်အောင်လှတယ်တဲ့ 'အေး'ကတော့ အသက်ရှူမရလောက်အောင် လှတယ် 'အေး'ရယ်🌺