unicode
ဂလုံ!ဂလွမ်!....!!
မီးဖိုချောင်ထဲမှအသံတွေကြောင့် နှိုင်းမမှီအပြေးအလွှားလာကြည့်တော့ 'အေး'ကပြုတ်ကျနေသောဇလုံတွေပန်းကန်တွေကိုလိုက်
ကောက်နေသည်။"အေး!"
သူ့ကိုမြင်တော့ 'အေး'ကကြောင်တောင်တောင်လေးကြည့်ကာ
ရယ်ပြသည်။" 'အေး'ဘာဖြစ်နေတာလဲ?"
"ဟင်..ဇလုံတွေလွတ်ကျသွားလို့လိုက်ကောက်နေတာလေ"
" 'အေး'ဒီနေ့ထူးဆန်းနေတယ်နော်..မနက်ကတည်းကအသံတွေ
ကြားနေရတာ..အခုလည်းဇလုံတွေလွတ်ကျတယ်တဲ့..'အေး'
ဘာဖြစ်နေတာလဲ မူမမှန်ဘူး..'အေး'စိတ်တွေဘယ်ရောက်နေတာလဲ?""ဘာမှ..ဘာမှမဖြစ်ပါဘူး ဘယ်မှလည်း မရောက်ပါဘူး!"
"ဟောကြည့်!အခုတောင် စကားကိုဖြောင့်အောင်မပြောနိုင်ဘူး"
" ဘာမှမဖြစ်ပါဘူးဆိုကွယ်..တကယ်ပါ"
"ဟွန့်..ပြီးရော..အဲ့..တူးနံ့..တူးနံ့ရသလိုဘဲနော်"
"အမလေး!!ကုန်ပါပြီ.."
ဂလွမ်...လွမ်...လွမ်...!!
ဇလုံတွေပန်းတွေကို နေရာတွင်လွှတ်ချကာ ဟင်းအိုးအနားပြေးသွားတဲ့ 'အေး'အားကြည့်ကာ နှိုင်းမမှီရူးချင်သွားသည်။
#ဘာဖြစ်နေတာလဲ မသိ?
နှိုင်းမမှီခေါင်းကုပ်ရင်းဖြင့် မီးဖိုချောင်ထဲမှထွက်လာခဲ့တော့သည်။
ခရမ်းချဉ်သီးကြော်လေးမှာ မဲတူးနေလေပြီ။မနက်ကတည်းက
စိတ်တွေကလည်း အစိုးမရ။ထမင်းအိုးလည်းတူးတယ်၊ဇလုံတွေ
ပန်းကန်တွေလည်းလွတ်ကျတယ်.အခုကြည့်ဟင်းအိုးပါတူးသွား
ပြန်ပြီ။#မောင် မင်းကိုချစ်တယ်...
#မင်းက မောင့်အပိုင်ဘဲ...
သူပြောလိုက်တဲ့နေ့ကစပြီး အခုချိန်ထိ ထိုစကားကိုသာနားထဲ
အတွင်တွင် ကြားယောင်နေမိသည်။အဲ့စကားကြောင့် အလုပ်တွေ
လည်း အယောင်ယောင်အမှားမှားတွေဖြစ်ကုန်ပြီ။
YOU ARE READING
မောင့်ရင်အေးစေချင်...(completed)
Dragoste🌺သူများတွေက အသက်ရှူမှားလောက်အောင်လှတယ်တဲ့ 'အေး'ကတော့ အသက်ရှူမရလောက်အောင် လှတယ် 'အေး'ရယ်🌺 🌺သူများတွေက အသက်ရှူမှားလောက်အောင်လှတယ်တဲ့ 'အေး'ကတော့ အသက်ရှူမရလောက်အောင် လှတယ် 'အေး'ရယ်🌺